[Zawgyi]

7-Eleven Japan က မၾကာခင္ကမွ ျဖန္႔ခ်ီထားတဲ့ သူ႔ရဲ႕ Mobile Payment App ျဖစ္တဲ့ 7Pay App ကို ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က ပိတ္သိမ္းလိုက္ပါတယ္။ ဟက္ကာမ်ားက စားသံုးသူမ်ားထံကေန ေဒၚလာ ၅၀၀ ၀၀၀ ေက်ာ္ ခိုးယူခဲ့လို႔ ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ အဲဒီ App ကို ဇူလိုင္လ ၁ ရက္ေန႔ကမွ ျဖန္႔ခ်ီေပးထားတာ ျဖစ္ပါတယ္။ အခုေတာ့ App ကေန ေငြေပးေခ်ျခင္းမ်ားကို ရပ္နားထားလိုက္ပါၿပီ။

စားသံုးသူမ်ားက App မွာ Credit or Debit Card မ်ားကို ခ်ိတ္ဆက္ထားရမွာ ျဖစ္ၿပီး ေစ်း၀ယ္တဲ့ အခါမွာ App ကေန Barcode ကို Scan လုပ္ျခင္းျဖင့္ ေငြေပးေခ်ႏုိင္တာ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို ျဖန္႔ခ်ီၿပီး ေနာက္တစ္ရက္မွာပဲ စားသံုးသူတစ္ဦးက သူ မသံုးဘဲနဲ႔ ေငြမ်ား ေကာက္ခံသြားတယ္လို႔ တိုင္ၾကားမႈ ရွိခဲ့တာ ျဖစ္ပါတယ္။ App မွာ လံုျခံဳေရး ဟာကြက္ တစ္ခု ရွိခဲ့တယ္လို႔ Yahoo News Japan က ေျပာပါတယ္။ ဟက္ကာက စားသံုးသူရဲ႕ ေမြးေန႔၊ အီးေမးနဲ႔ ဖုန္းနံပါတ္ကို သိဖို႔သာလိုၿပီး အျခား အီးေမး တစ္ခုဆီသို႔ Password Reset ကို ေတာင္းဆိုႏုိင္ပါတယ္။

စားသံုးသူမ်ားက ေမြးေန႔ကို မျဖည့္စြက္ထားရင္ App က ဇန္န၀ါရီလ ၁ ရက္ေန႔ကို အလိုလို သတ္မွတ္ေပးလိုက္ပါတယ္။ အဲဒီအတြက္ ဟက္ကာက အေကာင့္ကို အလြယ္တကူ ေဖာက္သြားႏုိင္တာပါ။ ယခု ျဖစ္ရပ္မွာ ဟက္ကာက အေကာင့္ေဖာက္ထြင္းမႈမ်ားကို အလိုအေလွ်ာက္ ျပဳလုပ္တဲ့ စနစ္ကို သံုးသြားတာ ျဖစ္ႏုိင္ပါတယ္။ ဟက္ကာမ်ားက စားသံုးသူေပါင္း ၉၀၀ ေလာက္ကို ပစ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။ ဂ်ပန္ယန္း ၅၅ သန္း ( ေဒၚလာ ၅၀၀ ၀၀၀) ေလာက္ ပါသြားခဲ့ပါတယ္။

Ref : androidpolice, theverge

[Unicode]

စားသုံးသူများထံမှ ဒေါ်လာ ၅ သိန်း ခိုးယူခံရပြီးနောက် 7-Eleven Mobile Payment App ကို ပိတ်သိမ်း

7-Eleven Japan က မကြာခင်ကမှ ဖြန့်ချီထားတဲ့ သူ့ရဲ့ Mobile Payment App ဖြစ်တဲ့ 7Pay App ကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပိတ်သိမ်းလိုက်ပါတယ်။ ဟက်ကာများက စားသုံးသူများထံကနေ ဒေါ်လာ ၅၀၀ ၀၀၀ ကျော် ခိုးယူခဲ့လို့ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ App ကို ဇူလိုင်လ ၁ ရက်နေ့ကမှ ဖြန့်ချီပေးထားတာ ဖြစ်ပါတယ်။ အခုတော့ App ကနေ ငွေပေးချေခြင်းများကို ရပ်နားထားလိုက်ပါပြီ။

စားသုံးသူများက App မှာ Credit or Debit Card များကို ချိတ်ဆက်ထားရမှာ ဖြစ်ပြီး ဈေးဝယ်တဲ့ အခါမှာ App ကနေ Barcode ကို Scan လုပ်ခြင်းဖြင့် ငွေပေးချေနိုင်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ဖြန့်ချီပြီး နောက်တစ်ရက်မှာပဲ စားသုံးသူတစ်ဦးက သူ မသုံးဘဲနဲ့ ငွေများ ကောက်ခံသွားတယ်လို့ တိုင်ကြားမှု ရှိခဲ့တာ ဖြစ်ပါတယ်။ App မှာ လုံခြုံရေး ဟာကွက် တစ်ခု ရှိခဲ့တယ်လို့ Yahoo News Japan က ပြောပါတယ်။ ဟက်ကာက စားသုံးသူရဲ့ မွေးနေ့၊ အီးမေးနဲ့ ဖုန်းနံပါတ်ကို သိဖို့သာလိုပြီး အခြား အီးမေး တစ်ခုဆီသို့ Password Reset ကို တောင်းဆိုနိုင်ပါတယ်။

စားသုံးသူများက မွေးနေ့ကို မဖြည့်စွက်ထားရင် App က ဇန်နဝါရီလ ၁ ရက်နေ့ကို အလိုလို သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီအတွက် ဟက်ကာက အကောင့်ကို အလွယ်တကူ ဖောက်သွားနိုင်တာပါ။ ယခု ဖြစ်ရပ်မှာ ဟက်ကာက အကောင့်ဖောက်ထွင်းမှုများကို အလိုအလျှောက် ပြုလုပ်တဲ့ စနစ်ကို သုံးသွားတာ ဖြစ်နိုင်ပါတယ်။ ဟက်ကာများက စားသုံးသူပေါင်း ၉၀၀ လောက်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ယန်း ၅၅ သန်း ( ဒေါ်လာ ၅၀၀ ၀၀၀) လောက် ပါသွားခဲ့ပါတယ်။

Ref : androidpolice, theverge