ဖုန်းသုံးတဲ့အခါမှာ ပိုမိုလျင်မြန်လွယ်ကူစေဖို့ Code နံပါတ်လေးတွေ ထားပေးထားပါတယ်။ ဒီထဲကမှ လိုအပ်တဲ့အခါ အလွယ်တကူ သုံးနိုင်ဖို့ အသုံးဝင်တဲ့ တချို့ Code လေးတွေကို ရှာဖွေစုစည်း ဖော်ပြပေးလိုက်ပါတယ်။
Dialer မှာ ဒီနံပါတ်လေးတွေ နှိပ်လိုက်တာနဲ့ အလိုအလျောက် Info ကျလာမှာ ဖြစ်ပါတယ်။
*#*#4636#*#*
ဖုန်း/Battery/Usage တွေကို သိချင်ရင် စစ်လို့ရပါတယ်။
*#*#7780#*#*
Reset Code ဖြစ်ပါတယ်။ App နဲ့ Data တွေကို ဖျက်ပစ်မှာပါ။
*2767*3855#
Firmware ပြန်တင်တဲ့ Code ဖြစ်ပါတယ်။
*#*#34971539#*#*
ကင်မရာနဲ့ပတ်သက်ပြီး သိချင်တာရှိရင် ဒီ Code နှိပ်လိုက်ရုံပါပဲ။
*#*#7594#*#*
Power Off Code ပါ။
*#*#273283*255*663282*#*#*
Media File တွေအကုန်လုံးကို လျင်မြန်စွာ Backup လုပ်ပေးပါလိမ့်မယ်။
*#*#526#*#*
Wifi Check လုပ်လို့ရမယ့် Code ဖြစ်ပါတယ်။
*#*#1472365#*#*
GPS ဖမ်းချင်ရင် ဒါလေးကောက်နှိပ်လိုက်ပါ။
*#*#0*#*#*
LCD Display Test အတွက် Code ပါ။
*#*#0673#*#*
ဖုန်းရဲ့ အသံပိုင်းဆိုင်ရာ စစ်ချင်ရင် ဒီ Code သုံးနိုင်ပါတယ်။
*#*#2664#*#*
Touch Screen အခြေအနေကိုသိချင်ရင်တော့ ဒီ Code လေးရိုက်လိုက်ပါ။
*#06#
ဖုန်းရဲ့ IMEI နံပါတ်ကို ပြတဲ့ Code ဖြစ်ပါတယ်။
(IMEI ကတော့ သင့်ဖုန်းကို ဘယ်နိုင်ငံက ထုတ်တယ်ဆိုတာကို ပြသတာဖြစ်ပါတယ်။)