အခုနောက်ပိုင်းထွက်ရှိလာတဲ့ Android ဖုန်းတွေမှာ Long Screenshot လို့ခေါ်တဲ့ Screenshot အရှည်တွေကို ရိုက်ကူးနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ မပါဝင်တဲ့ Android ဖုန်းတွေဆိုရင်ရော Screenshot ကို ဘယ်လိုရိုက်ကြမလဲ?

Google Play Store ကနေ Stitch & Share ဆိုတဲ့ Application ကို Download ရယူပါ။ Download Link ကတော့ အခု ဒီ Link ကနေ Download လို့ရပါတယ်။

Stitch & Share App က ပုံမှန် Screenshot တွေကို တစ်ခုနဲ့တစ်ခုထပ်ပြီး Long Screenshot တစ်ခုဖန်တီးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Long Screenshot ရင် Application ကိုဖွင့်ပြီး Screenshot တွေကို ကိုယ်လိုချင်သလောက်အထိ ဆက်တိုက်ရိုက်သွားပြီး ပြီးမှာ Notification Bar က Stitch & Share App ရဲ့ Noti Bar ကိုနှိပ်ပြီး ရိုက်လိုက်တဲ့ Screenshot တွေကို ထပ်ပြီး Long Screenshot တစ်ခုပြုလုပ်နိုင်မှာပါ။


တကယ်လို့ Screenshot အချင်းချင်း ထပ်လိုက်တာက အဆင်မပြေဘူးဆိုရင် Stitch & Share Application မှာ Manual ပြန်လည်ချိန်ညှိနိုင်ပြီးတော့ အဆင်ပြေတဲ့အထိ ပြန်လည်ညှိလို့ရမှာဖြစ်ပါတယ်။