Sony ကနေ အကောင်းဆုံးသော Home Theater Setup ကို အသုံးပြုချင်တဲ့သူတွေအတွက် High-end OLED TV တွေအစား ရုပ်ရှင်ရုံမှာ သွားကြည့်နေရသလိုမျိုး ခံစားမှုကိုပေးစွမ်းနိုင်မယ့် 4K Projector တစ်ခုကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပြီး အဆိုပါ Projector ဟာ လက်ရှိဈေးအကြီးဆုံးသော 4K Projector တစ်ခုဖြစ်လာခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် Sony ရဲ့ ယခု 4K Ultra Short Throw Projector (LSPX-A1) Projector ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃ သောင်းခန့်နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် မနှစ်တုန်းက Sony က ထုတ်လုပ်ထားတဲ့ ဈေးအကြီးဆုံး Projector ထက်တောင် ဒေါ်လာ ၅၀၀၀ ခန့်ပိုပြီးများနေတာဖြစ်ပါတယ်။
အခု Sony 4K Projector ဟာ Ultra Short Throw အမျိုးအစားဖြစ်တာကြောင့် ပိတ်ကား (သို့) နံရံနဲ့ ၉.၆ လက်မအကွာမှာ ထားရုံနဲ့တင် လက်မ ၁၂၀ ရှိတဲ့ 4K ရုပ်ထွက်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ အခု Laser Projector က Brightness မှာလည်း Peak Brightness အနေနဲ့ 2500 lumens အထိ ရှိနေမှာဖြစ်ပါတယ်။
အခု Sony ရဲ့ ဒေါ်လာ ၃ သောင်းတန် 4K Projector ဟာ 4K Video တွေတင်မဟုတ်ပဲနဲ့ Sony ရဲ့ Unique 4K SXRD Projection နဲ့ HDR နည်းပညာတွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
နောက်ထပ်လည်း Sony 4K Projector မှာ 360 Audio ကိုရရှိနိုင်မယ့် Glass Sound Speaker ၊ Two Organic Glass Tweeter ၊ Three Midrange Speaker နဲ့ Subwoofer တစ်ခုပါ ပါဝင်မှာဖြစ်တဲ့အတွက် Speaker သီးသန့် လိုအပ်မှာမဟုတ်ပါဘူး။
Sony ကတော့ အခု ထုတ်လုပ်လိုက်တဲ့ ဒေါ်လာ ၃ သောင်းတန် LSPX-A1 အတွက် ဂုဏ်ယူနေပြီး မကြာခင်မှာ ဈေးကွက်ထဲကို ဖြန့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။