ရှန်ဟိုင်းမှာ 50G-PON နည်းပညာကို အသုံးပြုထားတဲ့ ကမ္ဘာ့ ပထမဆုံး 10G Cloud Broadband ကို သရုပ်ပြသလိုက်ပါတယ်။ China Telecom Shanghai ကုမ္ပဏီနဲ့ Yangpu ခရိုင် အစိုးရတို့ ပူးပေါင်းကာ ဒီစီမံကိန်းကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပြီး အလွန်မြန်တဲ့ အင်တာနက်ကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။

Cloud Internet

F5G-A လို့ ခေါ်တဲ့ ဝန်ဆောင်မှု အသစ်မှာ 10 Gigabit Cloud Broadband ကို ထုတ်လွှင့်ပေးဖို့ 50G-PON အခြေခံအဆောက်အဦးကို အသုံးပြုထားပါတယ်။ ၇၂ စက္ကန့်အတွင်း 90GB အရွယ်အစားရှိတဲ့ ၂ နာရီကြာ 8K ရုပ်ရှင်ကို Download လုပ်နိုင်ပါတယ်။ ဒီအင်တာနက် အမြန်နှုန်းကြောင့် အခွင့်အလမ်း အသစ်များစွာကို ရရှိစေမှာပါ။

Tachus Blog | How To Test Internet Speed

10G Network ဟာ လူသားတွေ နေထိုင်တဲ့ ပုံစံ၊ အလုပ်နဲ့ အွန်လိုင်း အသုံးပြုမှုကို တော်လှန်ဆန်းသစ်စေမှာပါ။ ဒေသခံတွေဟာ Live-stream ပွဲတွေကို အထစ်အငေါ့ မရှိ ကြည့်နိုင်မှာ ဖြစ်သလို ကြည်လင်ပြတ်သားတဲ့ 3D Display တွေကို ကြည့်ရှုခံစားနိုင်မှာပါ။ စမတ်နေအိမ် နည်းပညာကိုလည်း တိုးတက်စေမှာဖြစ်ပြီး Cloud အခြေပြု Storage မှာ Sync လုပ်ရင် အလွန်မြန်မှာပါ။ Home Server ကနေ အရွယ်အစား ကြီးမားတဲ့ ဖိုင်တွေကို အသုံးပြုနိုင်မှာပါ။

ဒေသခံတွေရဲ့ အလုပ်အကိုင်၊ အပန်းဖြေမှု၊ ပညာရေးနဲ့ အဓိကကျတဲ့ ဝန်ဆောင်မှုတွေကို 10G Network က အလွန် အကျိုးပြုစေမှာ ဖြစ်ပါတယ်။

Ref : gizmochina