Carl Pei ရဲ့ Nothing စမတ်ဖုန်း စီမံကိန်း အသစ် ကနေ Phone 1 ကို Ar Basel Fair မှာ ပြသလိုက်ပြီး ပထမဆုံး အလုံး ၁၀၀ ကို StockX ကနေ လေလံတင် ရောင်းချပေးလိုက်ပါတယ်။ လေလံပွဲဟာ ဇွန်လ ၂၁ ရက်နေ့မှာ စတင်ပြီ ဖြစ်ပြီး ၄၈ နာရီအတွင်း ပြီးဆုံးမှာပါ။ အလုံး ၁၀၀ ပဲ ရောင်းချမှာ ဖြစ်ပြီး အလုံးတိုင်းမှာ Serial Number တွေ ပါပါတယ်။

Nothing phone (1) design revealed - GSMArena.com news

လေလံ ကြမ်းခင်းဈေးဟာ ၁၅၆ ဒေါ်လာ ဖြစ်ပြီး လက်ရှိ စာရေးနေတဲ့အချိန်မှာ ဒေါ်လာ ၂,၀၀၀ အထိ ဈေးရနေပါတယ်။ ဈေးက ဒီထက်ပိုပြီး များသွားမှာ ဖြစ်ပါတယ်။

Nothing Phone (1) shows off the evolution of the notification LED

Nothing Phone 1 ကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး လက်ရှိမှာ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အဲဒီဖုန်းရဲ့ ဒီဇိုင်း အပြည့်အစုံကို မပြသသေးဘဲ အနောက်နဲ့ ဘေးဘက်တွေကိုပဲ မြင်ရပါသေးတယ်။

StockX မှာ Nothing Phone 1 ကို မြောက်အမေရိကမှာ မရောင်းဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီ အတွက် အမေရိကန်မှာ အဲဒီဖုန်းကို မရောင်းချနိုင်ပါဘူး။ OnePlus ကတော့ အမေရိကန်မှာ ရောင်းချနေတဲ့ တရုတ် Brand အနည်းငယ်ထဲက ၁ ခု ဖြစ်ပါတယ်။

Nothing Phone 1 ကို လေလံဆွဲသူတွေအတွက် ပို့ဆောင်ပေးမယ့် အချိန်ဟာ အများဆုံး အနေနဲ့ ၃၅ ရက်လောက်ကြာနိုင်တဲ့အတွက် ပုံမှန် ရောင်းချချိန်လောက်နဲ့ တူညီသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena