Covid-19 စမ်းသပ်တဲ့ နည်းလမ်းများစွာ ရှိပြီး တချို့က တိကျမှု အားနည်းသလို တချို့က ကုန်ကျစားရိတ်များပြားပါတယ်။ အခုတော့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်အဖွဲ့ ၁ ခုက စမတ်ဖုန်းက App ကို အသုံးပြုကာ Covid-19 စစ်ဆေးနိုင်တဲ့ နည်းလမ်း အသစ် ၁ ခုကို တီထွင်လိုက်ပြီး ကုန်ကျစားရိတ်ဟာ PCR နည်းလမ်းထက် ၁၀ ဆ သက်သာပါတယ်။

A New COVID Test Can Be Taken on Your Smartphone. 10 Times Cheaper Than a PCR?

အဲဒီ နည်းလမ်းအသစ်ကို “smaRT-LAMP” လို့ခေါ်ပြီး အသုံးပြုတဲ့ App က Bacticount ဖြစ်ပါတယ်။ စမ်းသပ်မှုရလဒ်ဟာ PCR နည်းလမ်းလောက် တိကျတယ်လို့ သိရပါတယ်။ Antigen အခြေပြု စမ်းသပ်တဲ့ နည်းလမ်းဟာ တိကျမှုအားနည်းပြီး ပိုတိကျတဲ့ PCR Nucleic Acid နည်းလမ်းက ကုန်ကျစားရိတ် များပြားသလို အချိန်ကုန်ပါတယ်။

Made-in-India affordable COVID-19 test kit will show result in 1.5 hours

Bacticount App နဲ့ Nucleic Acid စမ်းသပ်တဲ့ နည်းလမ်း အသစ်က Covid-19 ကို လူ့ တံတွေးကနေ စစ်ဆေးတာ ဖြစ်ပြီး နာရီဝက်အတွင်း ရလဒ် ထွက်ပေါ်ပါတယ်။ စမ်းသပ်မှု ၁ ခါအတွက် ၇ ဒေါ်လာပဲ ကျသင့်တယ်လို့ Bacticount ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

“smaRT-LAMP” နည်းလမ်းဟာ အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ်။ လက်ရှိမှာ လူ ၅၀ ကိုပဲ စမ်းသပ်စစ်ဆေးထားတာဖြစ်တဲ့အတွက် တိကျမှုနဲ့ ထိရောက်မှုကို သေချာစေဖို့ သုတေသန ဆက်လက်ပြုလုပ်ရဦးမှာပါ။ သုတေသနပညာရှင်အဖွဲ့က သူတို့ရဲ့ နည်းလမ်း အသစ်ဟာ PCR လို စွမ်းရည်မြင့်မားတယ်လို့ ယုံကြည်ထားကြပြီး တခြား Covid-19 မျိုးစိတ်တွေနဲ့ ဗိုင်းရက်စ်တွေကိုပါ စစ်ဆေးပေးနိုင်အောင် အဆင့်မြှင့်နိုင်တယ်လို့ ပြောပါတယ်။

Ref : interestingengineering