ဒီရက်ပိုင်းအတွင်းမှာ Nokia ရဲ့ ထုတ်ကုန်တွေကို FCC, TENAA စတဲ့နေရာတွေမှာ အတွေ့များလာပါတယ်။ ကုမ္ပဏီအနေနဲ့ နှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်ဆန်းပိုင်းမှာ အတော်လေးအလုပ်များမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ FCC listing မှာ Nokia ရဲ့ လာမယ့်စမတ်ဖုန်းသစ်နှစ်မျိုးကို တွေ့ခဲ့ရပါသေးတယ်။

အခုလည်း TENAA listing မှာ နာမည်မသိရသေးတဲ့ Nokia device ကို တွေ့လာရပြန်ပါပြီ။ မော်ဒယ်နံပါတ်က TA-1335 ဖြစ်တာကြောင့် FCC မှာတွေ့ရတဲ့ မော်ဒယ်နံပါတ် TA-1333 နဲ့ နီးစပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကနဦးတွေ့ရှိချက်တွေအရဆိုရင်လည်း ဒီဖုန်းနှစ်မျိုးဟာ တူညီမှုမရှိသလောက် ဖြစ်နေပါတယ်။

TA-1333 ဟာ Nokia 3.4 တူညီမှုအချို့ရှိပေမယ့် TENAA မှာတွေ့ရတဲ့ TA-1335 ကတော့ Nokia C3 နဲ့ ရှင်းရှင်းလင်းလင်း တူညီနေတာကို တွေ့ရပါတယ်။ ဒါဟာ ဈေးနှုန်းချိုသာတဲ့ Budget device တွေဖြစ်ပြီး တရုတ်ယွမ်ငွေ 1,000 – 2,000 ဈေးကွက်ကြား ပစ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် Lower-end နဲ့ ပိုပြီးနီးစပ်ပါတယ်။

ဖြည့်သွင်းထားတဲ့အချက်အလက်တွေမှာတော့ ဒီဟန်းဆက်ဟာ Quad-core CPU, 2GB of RAM နဲ့ 64GB storage တွေနဲ့ဖြစ်တာကို တွေ့ရပါတယ်။ ဘက်ထရီက 2,500mAh ပမာဏ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 8MP အဓိကင်မရာနဲ့၊ အရှေ့ဘက်မှာ 8MP selfie ကင်မရာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဖော်ပြထားတဲ့ ရုပ်ပုံမှာမတွေ့ရပေမယ့် Specs sheet မှာတော့ 3.5mm audio jack နဲ့ Fingerprint reader ပါဝင်တယ်လို့ ညွှန်းဆိုထားပါတယ်။

Ref: GSM Arena