Apple က စက်တင်ဘာလမှာ Watch SE စမတ်နာရီကို ပူပူနွေးနွေး ကြေညာခဲ့ပြီး ရောင်းချပေးထားပါတယ်။ အခုတော့ အဲဒီ စမတ်နာရီတွေမှာ ပြဿနာ အနည်းငယ် ရှိနေပါတယ်။ တောင်ကိုရီးယားက Apple Watch SE အနည်းဆုံး ၆ လုံးလောက်မှာ အပူလွန်ကဲတဲ့ ပြဿနာ ဖြစ်နေတယ်လို့ Reddit မှာ ပြောနေကြပါတယ်။

A small number of Apple Watch SE owners in Korea have had them overheat

Apple Insider က အပူလွန်ကဲတဲ့ ပြဿနာဟာ Taptic Engine နဲ့ Digital Crown ကြား Display Connector အထက်နားမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။ အပူလွန်ကဲမှုကြောင့် စမတ်နာရီ မျက်နှာပြင်မှာ အဝါရောင် အကွက် ဖြစ်နေတဲ့ ဓါတ်ပုံတွေကို ပိုင်ရှင်တွေက ပြသထားကြပါတယ်။

A small number of Apple Watch SE owners in Korea have had them overheat

တချို့ ပိုင်ရှင်တွေက ကံကောင်းကြပြီး Charger မှာပဲ အပူလွန်ကဲကြပါတယ်။ ကံဆိုးတဲ့ လူတွေကတော့ စမတ်နာရီ ဝတ်ဆင်ထားချိန်မှာ လက်မှာ အပူလောင်တဲ့ ဒဏ်ကို ခံစားကြရပါတယ်။ အပူလွန်ကဲတဲ့ စမတ်နာရီ ၆ လုံးထဲက ၃ လုံးရဲ့ ပိုင်ရှင်တွေကိုတော့ ငွေပြန်အမ်းလိုက်ပြီ ဖြစ်ပြီး ကျန်တဲ့ လူတွေကတော့ Apple ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ စောင့်နေကြပါတယ်။

ထင်ရတာက တောင်ကိုရီးယားက အလုံးရေ နည်းနည်းမှာပဲ ဒီပြဿနာ ဖြစ်နေတာပါ။ စမတ်နာရီ ဝယ်ယူပြီး ရက်ပိုင်း အနည်းငယ်အတွင်းမှာ အပူလွန်ကဲတဲ့ ပြဿနာ ဖြစ်တယ်လို့ သိရပါတယ်။  Apple ဟာ Watch Series 6 နဲ့အတူ တန်ဖိုးနည်း Watch SE ကို စက်တင်ဘာလက ကြေညာခဲ့တာဖြစ်ပါတယ်။

Ref : gsmarena