Xiaomi ဟာ တရုတ်မှာ စွမ်းရည်မြင့် Mi 11 Series ကို ကြေညာဖို့ စိုင်းပြင်းနေပါတယ်။ Xiaomi က Snapdragon 888 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်မယ်လို့ အတည်ပြုထားပြီးပြီ ဖြစ်ပြီး ဒီလနှောင်းပိုင်း သို့မဟုတ် နောက်လ အစောပိုင်း ကြေညာပြီးတာနဲ့ ချက်ချင်း ရောင်းပေးမှာပါ။ အခုတော့ Xiaomi အရာရှိ ၁ ယောက်က Mi 11 ရောင်းဖို့ အလုံအလောက် ရှိတယ်လို့ သတင်းပေးလိုက်ပါတယ်။

တကယ်တော့ Redmi Product Director နဲ့ Xiaomi အရာရှိ ၁ ယောက် ဖြစ်သူ Wang Teng က ဝီဘိုမှာ User ၁ ယောက်မေးတာကို အခုလို ပြန်ဖြေလိုက်တာပါ။ အရင်ကတော့ အစောပိုင်းမှာ အကန့်အသတ်နဲ့ ရောင်းမယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ Wang Teng က ဒီသတင်းကို အတည်ပြုပေးလိုက်ပါတယ်။

Xiaomi Mi 11 First Look, Design, Price, Camera, Release Date, Specifications, 8GB RAM, Features - YouTube

Mi 11 Series ထဲမှာ Mi 11 နဲ့ MI 11 Pro တို့ ပါလာနိုင်ပြီး ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ တပ်ဆင်ထားမှာပါ။ Mi 11 မှာ FHD+ နဲ့ Pro မှာ QHD+ မျက်နှာပြင်တွေ ထည့်သွင်းထားနိုင်ပြီး ၂ လုံးစလုံးမှာ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Mi 11 Series မှာ Snapdragon 888 SoC မောင်းနှင်ထားမှာ သေချာသလောက်ရှိပြီး Mi 11 မှာ 4,780mAh နဲ့ Mi 11 Pro မှာ 4,970mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ ကင်မရာ အကြောင်းပြောရရင် Mi 11 မှာ ကင်မရာ ၃ လုံးနဲ့ Mi 11 Pro မှာ ကင်မရာ ၄ လုံး ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အားသွင်းနှုန်းတွေကလည်း အမိုက်စားတွေ ဖြစ်ပြီး Mi 11 မှာ 55W နဲ့ Mi 11 Pro မှာ 100W ပါမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : gizmochina