Zawgyi

Alan Turing ဟာ ၁၉၁၂ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ သခ်ၤာပညာရွင္ တစ္ဦးပါ။
အဲ့ဒီေနာက္ ဒုတိယကမာၻစစ္ျဖစ္ေနတဲ့ အေတာအတြင္းမွာ Turing ဟာ ၿဗိတိန္ႏိုင္ငံက Codebreaking Center တစ္ခုျဖစ္တဲ့ Government Code and Cypher School (GC&CS) မွာ ဝင္ေရာက္ အလုပ္လုပ္ခဲ့ပါတယ္။ Codebreaking Center မွာ အလုပ္လုပ္ရတဲ့ Turing ရဲ႕ အဓိက ရည္႐ြယ္ခ်က္ကေတာ့ Enigma (အီနစ္ကမ) စက္ရဲ႕ Code ေတြကို ေဖာ္ဖို႔ပါ။

Enigma ဆိုတာက လွ်ိဴ႕ဝွက္ေၾကးနန္းပို႔စနစ္အတြက္ ဂ်ာမန္အင္ဂ်ီနီယာ Arthur Scherbius (အာသာ ရွဴးဘီးယပ္စ္) က ပထမ ကမာၻစစ္အၿပီးမွာ တီထြင္ခဲ့တဲ့ စက္ပါ။ Enigma ကေနတစ္ဆင့္ ဂ်ာမန္အခ်င္းခ်င္း ဆက္သြယ္ေျပာဆိုၾကတာ ျဖစ္ၿပီး၊ ၾကားျဖတ္နားေထာင္လို႔ ရေပမယ့္ ဂ်ာမန္စကားတတ္ကြၽမ္းတဲ့ သူေတြေတာင္ သူတို႔ေတြ ဘာေျပာေနတယ္၊ ဘာကို ဆိုလိုတယ္ဆိုတာကိုေတာ့ နားမလည္ၾကပါဘူး။ ဒီစက္ေၾကာင့္ပဲ ဂ်ာမန္ေတြဟာ ဒုတိယ ကမာၻစစ္အတြင္းမွာ တျခားႏိုင္ငံေတြကို ျပာခ်ၿပီး လက္ဝါးႀကီးအုပ္ႏိုင္ခဲ့တယ္လို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

ဒါ့ေၾကာင့္ Turing ဟာ Enigma ကေန ထြက္လာတဲ့ Code ေတြကို ဖတ္ႏိုင္မယ့္ စက္ကို အခက္အခဲအမ်ိဴးမ်ိဴးၾကားကေန ပင္ပင္ပန္းပန္းနဲ႔ ဖန္တီးတီထြင္ခဲ့တာပါ။ Turing တီထြင္ခဲ့တဲ့ စက္ေၾကာင့္ ဥေရာပ စစ္ပြဲေတြကို ၂ႏွစ္ေက်ာ္ တိုေတာင္းေစခဲ့ၿပီး လူေပါင္း ၁၄သန္းကိုလည္း ကယ္တင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ Turing တီထြင္ခဲ့တဲ့ စက္ဟာ ျဖစ္ႏိုင္ေျခ သန္းေပါင္း ၁၅၉သန္းထဲက တစ္ခုကို ခန္႔မွန္း တြက္ခ်က္ႏိုင္တဲ့ စက္ျဖစ္သလို ဒီေန႔ ကြၽန္ေတာ္တို႔ အသုံးျပဳေနတဲ့ ကြန္ပ်ဴတာေတြရဲ႕ မ်ိဴးေစ့လို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

၁၉၅၂ခုႏွစ္မွာ Turing ဟာ Homosexual တစ္ေယာက္ျဖစ္တာေၾကာင့္ တရားစြဲခံခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Homosexual ဆိုတာ ၿဗိတိန္မွာဆိုရင္ ရာဇဝတ္မႈေျမာက္တဲ့ ပုဒ္မပါ။ အဲ့ဒါေၾကာင့္ Turing ဟာ ဓာတုေဟာ္မုန္းကုထုံးနဲ႔ ကုသမႈခံယူခဲ့ၿပီး၊ အဲ့ဒီေနာက္ ၁၉၅၄ခုႏွစ္ အသက္ ၄၁ႏွစ္အ႐ြယ္ေရာက္တဲ့အခါမွာေတာ့ စိတ္မေကာင္းစြာပဲ ကိုယ့္ကိုကိုယ္ အဆုံးစီရင္သြားခဲ့ပါတယ္။

Alan Turing ရဲ႕ အေၾကာင္းေတြကို စိတ္ဝင္စားတယ္၊ ဒီထက္ပိုၿပီး သိခ်င္ေသးတယ္ဆိုရင္ေတာ့ The Imitation Game ဆိုတဲ့ ဇာတ္ကားရွိပါတယ္။ Sherlock Holmes မင္းသားလို႔ လူသိမ်ားတဲ့ မင္းသားႀကီး Benedic Cumberbatch ပါဝင္သ႐ုပ္ေဆာင္ထားတာေၾကာင့္ ဇာတ္ကား တစ္ကားလုံးက စြဲေဆာင္မႈေတြနဲ႔ ျပည့္နက္ေနပါတယ္။ ေနာက္ၿပီး ဇာတ္ကားထဲမွာ ပါတဲ့ အခ်က္အလက္ေတြကလည္း ၿဗိတိန္ႏိုင္ငံက ႏွစ္၅၀ၾကာ ဖုံးကြယ္ထားတဲ့ ထိပ္တန္းလ်ိဴ႕ဝွက္ခ်က္ေတြ ျဖစ္တာေၾကာင့္ လူတိုင္းၾကည့္သင့္တဲ့ကားလို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

Ref: wikipedia

Unicode

Computer ရယ်လို့ ဖြစ်လာအောင် မျိူးစေ့ချပေးခဲ့တဲ့ Alan Turing

Alan Turing ဟာ ၁၉၁၂ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သင်္ချာပညာရှင် တစ်ဦးပါ။
အဲ့ဒီနောက် ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အတောအတွင်းမှာ Turing ဟာ ဗြိတိန်နိုင်ငံက Codebreaking Center တစ်ခုဖြစ်တဲ့ Government Code and Cypher School (GC&CS) မှာ ဝင်ရောက် အလုပ်လုပ်ခဲ့ပါတယ်။ Codebreaking Center မှာ အလုပ်လုပ်ရတဲ့ Turing ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Enigma (အီနစ်ကမ) စက်ရဲ့ Code တွေကို ဖော်ဖို့ပါ။

 

Enigma ဆိုတာက လျှိူ့ဝှက်ကြေးနန်းပို့စနစ်အတွက် ဂျာမန်အင်ဂျီနီယာ Arthur Scherbius (အာသာ ရှူးဘီးယပ်စ်) က ပထမ ကမ္ဘာစစ်အပြီးမှာ တီထွင်ခဲ့တဲ့ စက်ပါ။ Enigma ကနေတစ်ဆင့် ဂျာမန်အချင်းချင်း ဆက်သွယ်ပြောဆိုကြတာ ဖြစ်ပြီး၊ ကြားဖြတ်နားထောင်လို့ ရပေမယ့် ဂျာမန်စကားတတ်ကျွမ်းတဲ့ သူတွေတောင် သူတို့တွေ ဘာပြောနေတယ်၊ ဘာကို ဆိုလိုတယ်ဆိုတာကိုတော့ နားမလည်ကြပါဘူး။ ဒီစက်ကြောင့်ပဲ ဂျာမန်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ တခြားနိုင်ငံတွေကို ပြာချပြီး လက်ဝါးကြီးအုပ်နိုင်ခဲ့တယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

ဒါ့ကြောင့် Turing ဟာ Enigma ကနေ ထွက်လာတဲ့ Code တွေကို ဖတ်နိုင်မယ့် စက်ကို အခက်အခဲအမျိူးမျိူးကြားကနေ ပင်ပင်ပန်းပန်းနဲ့ ဖန်တီးတီထွင်ခဲ့တာပါ။ Turing တီထွင်ခဲ့တဲ့ စက်ကြောင့် ဥရောပ စစ်ပွဲတွေကို ၂နှစ်ကျော် တိုတောင်းစေခဲ့ပြီး လူပေါင်း ၁၄သန်းကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Turing တီထွင်ခဲ့တဲ့ စက်ဟာ ဖြစ်နိုင်ခြေ သန်းပေါင်း ၁၅၉သန်းထဲက တစ်ခုကို ခန့်မှန်း တွက်ချက်နိုင်တဲ့ စက်ဖြစ်သလို ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာတွေရဲ့ မျိူးစေ့လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

၁၉၅၂ခုနှစ်မှာ Turing ဟာ Homosexual တစ်ယောက်ဖြစ်တာကြောင့် တရားစွဲခံခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက Homosexual ဆိုတာ ဗြိတိန်မှာဆိုရင် ရာဇဝတ်မှုမြောက်တဲ့ ပုဒ်မပါ။ အဲ့ဒါကြောင့် Turing ဟာ ဓာတုဟော်မုန်းကုထုံးနဲ့ ကုသမှုခံယူခဲ့ပြီး၊ အဲ့ဒီနောက် ၁၉၅၄ခုနှစ် အသက် ၄၁နှစ်အရွယ်ရောက်တဲ့အခါမှာတော့ စိတ်မကောင်းစွာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

Alan Turing ရဲ့ အကြောင်းတွေကို စိတ်ဝင်စားတယ်၊ ဒီထက်ပိုပြီး သိချင်သေးတယ်ဆိုရင်တော့ The Imitation Game ဆိုတဲ့ ဇာတ်ကားရှိပါတယ်။ Sherlock Holmes မင်းသားလို့ လူသိများတဲ့ မင်းသားကြီး Benedic Cumberbatch ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကား တစ်ကားလုံးက စွဲဆောင်မှုတွေနဲ့ ပြည့်နက်နေပါတယ်။ နောက်ပြီး ဇာတ်ကားထဲမှာ ပါတဲ့ အချက်အလက်တွေကလည်း ဗြိတိန်နိုင်ငံက နှစ်၅၀ကြာ ဖုံးကွယ်ထားတဲ့ ထိပ်တန်းလျိူ့ဝှက်ချက်တွေ ဖြစ်တာကြောင့် လူတိုင်းကြည့်သင့်တဲ့ကားလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

Ref: wikipedia