Acer ကုမ္ပဏီက စခရင် ခုံးတဲ့ Laptop Predator 21 X ကို ဒေါ်လာ ၈၉၀၀ နီးပါးနဲ့ ထုတ်လုပ်လိုက်ပြီး ဂိမ်းကစားဖို့အတွက် အထူးကောင်းမွန်တဲ့ Laptop ဖြစ်ပါတယ်။

ကောင်းတဲ့အချက်

တီဗီစခရင် နီးပါး မျက်နှာပြင် ၂၁ လက်မရှိပြီး စခရင်က ခုံးနေတာကြောင့် အရုပ်တွေကြွပြီး ကြည့်ရတာ အရမ်းကောင်းတဲ့ Laptop ပါ။ အထူးသဖြင့် Gamer တွေအသည်းစွဲမယ့် Laptop အမျိုးအစားပါ။ သူ့မှာ Touch စခရင်၊ မျက်လုံးကို ခြေခံနိုင်တဲ့ ကင်မရာစနစ်တွေပါဝင်ပြီး Mechanical Keyboard နဲ့လုပ်ထားတာကြောင့် ဂိမ်းဆော့သူတွေ အကြိုက်ပါ။

မကောင်းတဲ့ အချက်

မကောင်းတဲ့အချက်ကတော့ ဈေးကြီးမြင့်တာပါဘဲ။ ဘက်ထရီကြာရှည်ခံမှုနှုန်းကလည်း နည်းပြီး Touchpad ကလည်း Laptop  တွေမှာ ထားနေကျနေရာမဟုတ်ဘဲ ပြောင်းထားပါတယ်။

Specifications

မျက်နှာပြင် အရွယ်အစားက ၂၁ လက်မ၊ 2560×1080 ရှိပါတယ်။ CPU က Intel Core i7-7820HK ဖြစ်ပြီး 2.9 GHz ရှိပါတယ်။

PC Memory က 64GB DDR4 SDRAM 2400 MHz ဖြစ်ပြီး Graphic ကဒ် Nvidia GeForce GTX 1080 (OC) ကဒ်ကို ၂ ကဒ်ပါဝင်ပါတယ်။ ဒါကြောင့် Graphic နဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည်တွေကတော့ ထိပ်တန်းပါဘဲ။ Storage က 512 GB SSD RAID O နဲ့ 2TB HDD ရှိပါတယ်။

Operation စနစ်က Micrsoft Windows 10 Home (64 Bits) ဖြစ်ပါတယ်။

ခုံးနေတဲ့ မျက်နှာပြင် (Curved Screen)

အခုနောက်ပိုင်း ထုတ်လုပ်တဲ့ တီဗီတွေမှာ အသုံးပြုလေ့ရှိတဲ့ ခုံးတဲ့မျက်နှာပြင် (curved screen)ကို အသုံးပြုထားပါတယ်။ Acer Predator 21 X ကတော့ Curved Screen အသုံးပြုတဲ့ ပထမဆုံး Laptop ဖြစ်ပါတယ်။

Curved Screen တွေရဲ့ အရည်အသွေးကို R (Radius) နဲ့ တိုင်းတာကြပါတယ်။ R အရေအတွက်နည်းလေလေ စခရင်က ပိုခုံးလေပါဘဲ။

ဒါကြောင့် Predator 21X ရဲ့ စခရင်က 2000R ရှိပြီး တီဗီ အများစုမှာပါတဲ့ စခရင်က 4000 R ဖြစ်တာကြောင့် တီဗီထက်ပိုပြီး အရုပ်တွေ ကြွကာ ကြည့်လို့ကောင်းပါတယ်။

အလေးချိန်များ

စခရင်က ၂၁ လက်မရှိပြီး Graphic ကဒ် ၂ ကဒ်ပါဝင်တာကြောင့် Laptop ကတော့ အရမ်းကြီးမားပါတယ်။ ဘက်ထရီ ၂ လုံးပါဝင်ရင် ၂၆ ပေါင်နီးပါးလေးပါတယ်။

Predator 21X ကိုဝယ်ရင်တော့ ဘီးပါတဲ့ လက်တွန်းအိတ်ပါထည့်ပေးထားပြီး အဲ့အိတ်နဲ့ဆိုရင်တော့ Laptop ရော ဆက်စပ်ပစ္စည်းတွေပါ ဆံ့မှာဖြစ်ပါတယ်။

Predator 21X ရဲ့ ဖွဲ့စည်းပုံက MSI ကထုတ်လုပ်တဲ့ ဂိမ်းဆော့တဲ့ Laptop ဖြစ်တဲ့ GT83VR နဲ့လည်း ဆင်တူပါတယ်။ MSI GT 83VR Laptop ကလည်း ဒေါ်လာ ၅ ထောင်နီးပါး ရှိပါတယ်။ ဒါပေမယ့် သူ့မှာ Curved Screen တော့ မပါပါဘူး။

အဲ့ဒီအပြင် MSI ထက် Acer 21X မှာ အပေါက်တွေဖြစ်တဲ့ USD 3.0 ports ၄ခု၊ USB-C ၁ ခု၊ DisplayPort Outputs ၂ ခုနဲ့ HDMI Output ၁ ခုတို့ ပါဝင်ပါတယ်။

Tobii

Predator 21 X မှာ   မျက်လုံး ရွှေ့လျားမှုကို သိနိုင်တဲ့ ကင်မရာနဲ့ မျက်လုံး ရွှေ့လျားမှုအတိုင်း ရွှေ့ပေးတဲ့ Tobii နည်းပညာ ပါဝင်ပါတယ်။

Predator 21X Laptop မှာ ပထမဆုံး စမ်းသပ် ထည့်သွင်းထားတဲ့ နည်းပညာ တစ်ခုပါ။

Acer Predator 21X Laptop က ကမ္ဘာပေါ်မှာ ဈေးကြီးသည့် Laptop အမျိုးအစားတွေထဲက တစ်ခု အပါအ၀င်ဖြစ်ပြီး ကားတစ်စီးစာလောက်နဲ့ တန်ဖိုးညီမျှတဲ့ Laptop လို့ ဆိုနိုင်ပါတယ်။