Laptop တွေကို လူတိုင်းနီးပါးသုံးဖူးကြမှာပါ။ အခုနောက်ပိုင်းမှာ ပါးလွှာတဲ့ Laptop တွေရှိလာတယ်ဆိုပေမယ့် များသောအားဖြင့် Laptop တွေအများဆုံး အလေးချိန်စီးတော့ သယ်ရတာများတဲ့အချိန်မျိုးကြရင် လူကိုပိုပြီး ပင်ပန်းစေပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Tablet တစ်ခုကို လိုချင်စိတ်ဖြစ်မှာပါ။ ဒါပေမယ့်လည်း Tablet က Windows Laptop တစ်ခုလောက် အသုံးမဝင်တဲ့အချိန်မျိုးမှာ ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်တဲ့ Laptop တစ်ခုကိုလိုချင်မိကြမှာပါ။

အခုအချိန်မှာ Acer ရဲ့ Switch Alpha 12 က အခုပြဿနာတွေကို ဖြေရှင်းပေးလိုက်ပါပြီ။ ဘာဖြစ်လို့လဲဆိုရင် Switch Alpha 12 ဟာ ပါးလွှာတဲ့ Tablet တစ်ခုအရွယ် ဒီဇိုင်းထုတ်ထားပေမယ့် Intel ရဲ့ စွမ်းဆောင်ရည်မြင့် 6th Gen Intel Core i Processor ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ပါးလွှာပြီး အသံဆူညံခြင်းမရှိတဲ့ Fan-less ဒီဇိုင်းကလည်း Tablet တစ်ခုကို အသုံးပြုနေရသလိုကို ခံစားရမှာပါ။

ဒါပေမယ့် Tablet တစ်ခုနဲ့ မတူညီတာက Laptop တစ်ခုလိုမျိုး အသုံးပြုနိုင်တဲ့ Keyboard Cover နဲ့ Screen Display ကို မားမားမတ်မတ်ထောင်ထားပေးနိုင်တဲ့ စတိုင်ကျလှပတဲ့ Kickstand တစ်ခုပဲဖြစ်ပါတယ်။ စာရိုက်တဲ့အချိန်မှာ လက်ကို အဆင်ပြေအောင် Keyboard ကို အပေါ်ကို အနည်းငယ် ဒီဂရီတိမ်းစောင်းပေးတာကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း သက်တောင့်သက်သာ စာရိုက်နိုင်မှာပါ။

Acer Switch Alpha 12 မှာ အပူစွန့်ထုတ်ဖို့အတွက် Fan မပါဝင်ပါဘူး၊ Processor ကလည်း စွမ်းဆောင်ရည်မြင့် Intel i Series CPU သုံးထားတော့ Heat တက်တာမျိုးရှီမလားဆိုတာကို မေးစရာရှိပါတယ်။ အဲ့ဒီအတွက် Acer ကနေ Acer LiquidLoop ဆိုတဲ့ နည်းပညာကို အခု Switch Alpha 12 မှာ ထည့်သွင်းပေးထားပြီးတော့ အပူကို Fan အစား Liquid Cooling နဲ့ အအေးခံတာပဲဖြစ်ပါတယ်။

Acer Switch Alpha 12 ဟာ Tablet တစ်ခုလိုမျိုး အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် Keyboard Cover ကို အသုံးမပြုချင်ရင် ဖြုတ်ထားလို့ရသလို Touch ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားချက်တစ်ခုက Acer ရဲ့ Active Pen လည်းပါဝင်မှာဖြစ်ပြီးတော့ အဆိုပါ Active Pen ဟာ Windows 10 ရဲ့ Ink Feature ကို ကောင်းကောင်းအလုပ်လုပ်သလို Pressure Level ကလည်း၂၅၆ ခုထိရှိတဲ့အတွက်ကြောင့် ပုံဆွဲချင်တဲ့ ဒီဇိုင်နာတွေအတွက်ပါ အဆင်ပြေမှာပါ။

အဲ့ဒီတော့ ဘယ်ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားနိုင်ပြီးတော့ စမတ်ကျတဲ့ Laptop မကျ Tablet မကျ စွမ်းဆောင်ရည်မြင့် Convertible PC တစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ Acer Switch Alpha 12 ဟာ သင့်အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။