Zawgyi

အခုအခ်ိန္မွာ နည္းပညာေတြတိုးတက္လာသလုိပဲ ဓါတ္ပံုနဲ႔ Video ေတြကလည္း ယခင္ကလုိမ်ိဳး ယံုၾကည္ဖို႔ကို ပိုျပီး ခဲယဥ္းလာပါတယ္။ ဒါကလည္း လက္ရွိအခ်ိန္မွာ Photoshop ကို အသံုးျပဳျပီးေတာ့ Fake Photo ေတြနဲ႔ Video ေတြကို ျပဳလုပ္လာႏိုင္တာေၾကာင့္ပါ။

အဲ့ဒီအတြက္ အခုအခ်ိန္မွာ Adobe ကေန ဒီလုိမ်ိဳး Photoshop နဲ႔ ျပင္ထားတဲ့ ဓါတ္ပံုေတြကို ေဖာ္ထုတ္ႏုိင္တဲ့ AI Research Project တစ္ခုကို ထုတ္ျပခဲ့ပါတယ္။ ဒီ AI Tool ကို UC Berkeley က သိပၸံပညာရွင္ေတြရဲ႕ အကူအညီနဲ႔ Machine Learning ကို အသံုးျပဳျပီး ျပဳလုပ္ခဲ့တာလုိ႔လည္း သိရပါတယ္။

Adobe ကေတာ့ အခုေလာေလာဆယ္အထိ ဒီ AI Tool ကို လူတုိင္းအသံုးျပဳႏုိင္ေအာင္ Commercial Product အေနနဲ႔ လုပ္သြားဦးမွာ မဟုတ္ေသးဘဲ Adobe အတြက္ ဓါတ္ပံု၊ ဗီဒီယိုနဲ႔ တျခား Audio ၊ Document ေတြ အတုျပဳလုပ္မႈကို သိရွိႏိုင္ေစဖို႔ ျပဳလုပ္ခဲ့တာလုိ႔ ေျပာၾကားခဲ့ပါတယ္။ Adobe အေနနဲ႔ မႏွစ္တုန္းကလည္း အရာဝတၳဳေတြကို ခြဲျခားႏုိင္၊ ဖယ္ရွားႏုိင္တဲ့ AI Tool တစ္ခုကိုလည္း တီထြင္ခဲ့ပါေသးတယ္။

အခု Adobe ရဲ႕ AI Tool အသစ္ကို ကၽြမ္းက်င္တဲ့ Professional Volunteers ေတြနဲ႔ ယွဥ္ျပီးစမ္းၾကည့္တဲ့အခ်ိန္မွာလည္း လူသားေတြက ၅၃ ရာခုိင္ႏႈန္းအထိပဲ ခြဲျခားႏုိင္ျပီးေတာ့ ဒီ AI Tool က ၉၉ ရာခုိင္ႏႈန္းအထိ မွန္ကန္ေအာင္ ခြဲျခားႏုိင္ေနတာပဲျဖစ္ပါတယ္။ ဒီလုိမ်ိဳး ခြဲျခားဖုိ႔အတြက္ကလည္း AI ကို တူညီတဲ့ မ်က္ႏွာပံုစံေတြ၊ Liquify Tool ကို အသံုးျပဳျပီး Edit လုပ္ထားတာေတြကို သိရွိေအာင္ Train ထားေပးခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Adobe ရဲ႕ AI Tool အသစ္က Fake Photo ေတြနဲ႔ Fake Video ေတြကို သိသိသာသာေလ်ာ႔ခ်ေပးႏုိင္ေတာ့မွာပါ။

Ref – The Verge

Unicode

အခုအချိန်မှာ နည်းပညာတွေတိုးတက်လာသလိုပဲ ဓါတ်ပုံနဲ့ Video တွေကလည်း ယခင်ကလိုမျိုး ယုံကြည်ဖို့ကို ပိုပြီး ခဲယဉ်းလာပါတယ်။ ဒါကလည်း လက်ရှိအချိန်မှာ Photoshop ကို အသုံးပြုပြီးတော့ Fake Photo တွေနဲ့ Video တွေကို ပြုလုပ်လာနိုင်တာကြောင့်ပါ။

အဲ့ဒီအတွက် အခုအချိန်မှာ Adobe ကနေ ဒီလိုမျိုး Photoshop နဲ့ ပြင်ထားတဲ့ ဓါတ်ပုံတွေကို ဖော်ထုတ်နိုင်တဲ့ AI Research Project တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ ဒီ AI Tool ကို UC Berkeley က သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ Machine Learning ကို အသုံးပြုပြီး ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

Adobe ကတော့ အခုလောလောဆယ်အထိ ဒီ AI Tool ကို လူတိုင်းအသုံးပြုနိုင်အောင် Commercial Product အနေနဲ့ လုပ်သွားဦးမှာ မဟုတ်သေးဘဲ Adobe အတွက် ဓါတ်ပုံ၊ ဗီဒီယိုနဲ့ တခြား Audio ၊ Document တွေ အတုပြုလုပ်မှုကို သိရှိနိုင်စေဖို့ ပြုလုပ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ Adobe အနေနဲ့ မနှစ်တုန်းကလည်း အရာဝတ္ထုတွေကို ခွဲခြားနိုင်၊ ဖယ်ရှားနိုင်တဲ့ AI Tool တစ်ခုကိုလည်း တီထွင်ခဲ့ပါသေးတယ်။

အခု Adobe ရဲ့ AI Tool အသစ်ကို ကျွမ်းကျင်တဲ့ Professional Volunteers တွေနဲ့ ယှဉ်ပြီးစမ်းကြည့်တဲ့အချိန်မှာလည်း လူသားတွေက ၅၃ ရာခိုင်နှုန်းအထိပဲ ခွဲခြားနိုင်ပြီးတော့ ဒီ AI Tool က ၉၉ ရာခိုင်နှုန်းအထိ မှန်ကန်အောင် ခွဲခြားနိုင်နေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ခွဲခြားဖို့အတွက်ကလည်း AI ကို တူညီတဲ့ မျက်နှာပုံစံတွေ၊ Liquify Tool ကို အသုံးပြုပြီး Edit လုပ်ထားတာတွေကို သိရှိအောင် Train ထားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Adobe ရဲ့ AI Tool အသစ်က Fake Photo တွေနဲ့ Fake Video တွေကို သိသိသာသာလျော့ချပေးနိုင်တော့မှာပါ။

Ref – The Verge