Cryptocurrency စျေးကွက်ခေတ်စားလာတာနဲ့အတူ NFT လို့ လူသိများတဲ့ Non-fungible Token တွေကလည်း အောင်မြင်လာပြီဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာကုမ္ပဏီတွေအပြင် တခြားသော Industry တွေက ကုမ္ပဏီကြီးတွေကပါ NFT နဲ့ပတ်သက်ပြီး အသီးသီးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ Creative Software တွေကို ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Adobe လည်း ထိပ်ဆုံးကနေ ပါဝင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက Adobe ကနေ Photoshop မှာ NFT အတွက် Attribution Detail တွေကို Support ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း NFT နဲ့ပတ်သက်ပြီး ထောက်ပံ့မှုတွေကို ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

အခုလည်း Adobe ကနေ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ကိုယ်ပိုင် Social Network တစ်ခုဖြစ်တဲ့ Behance မှာ Polygon Cryptocurrency Platform ကို စတင်ပြီး Support ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Behance သုံးစွဲသူတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ Polygon Platform ကို အသုံးပြုထားတဲ့ NFT တွေကို ပြသဖို့ ပိုပြီးလွယ်ကူသွားသလို အခုမှ NFT တွေကို စတင်ဆောင်ရွက်မယ့်သူတွေအတွက်လည်း ပိုမိုလွယ်ကူတဲ့ Polygon Platform ကို အသုံးပြုနိုင်သွားပြီဖြစ်ပါတယ်။

Polygon ဟာ လက်ရှိမှာ ရေပန်းအစားဆုံးဖြစ်တဲ့ Ethereum Blockchain ကိုပဲ အခြေခံထားတာဖြစ်ပေမယ့် Crypto Transaction ပြုလုပ်တဲ့အချိန်မှာ စွမ်းအင်စားသုံးမှုအလွယ်နည်းပါးတာပဲဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပိုပြီး လူသုံးများလာတာလည်းဖြစ်ပါတယ်။

Adobe Behance ဟာ Designer နဲ့ Artist တွေအတွက် Portfolio တွေနဲ့ ပြုလုပ်ထားတဲ့ Design တွေကို ဖော်ပြကြတဲ့ Social Media တစ်ခုလို့ ပြောနိုင်ပြီး အခုအချိန်မှာတော့ Polygon နဲ့ Mint ပြုလုပ်ထားတဲ့ NFT တွေကိုပါ ဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။

Ref – The Verge