[Zawgyi]

5G ဆိုတာဟာ လူတိုင္းအတြက္၊ သင့္တင့္တဲ့တန္ဖိုးနဲ႔ ရယူႏိုင္သင့္တယ္လို႔ MediaTek က ယုံၾကည္ေနပါတယ္။ ဒါေၾကာင့္လည္း Heilo M70 5G modem ကို လူအေတာ္မ်ားမ်ားအသုံးျပဳႏိုင္တဲ့ အေနအထားေရာက္ေအာင္လို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

ထိုင္ဝမ္အေျခစိုက္ ကုမၸဏီဟာ တ႐ုတ္နဲ႔ အိႏၵိယေဈးကြက္ေတြမွာ အေရာင္းသြက္လွတဲ့ တန္ဖိုးနည္းစမတ္ဖုန္းေတြ၊ တန္ဖိုးသင့္စမတ္ဖုန္းေတြအတြက္ ႀကီးမားတဲ့အမွတ္တံဆိပ္ျဖစ္ေနခဲ့ပါၿပီ။ အခုလည္း Heilo M70 5G modem ကို တန္ဖိုးသင့္ Flagship ဖုန္းေတြမွာပါ ထည့္သြင္းႏိုင္ေအာင္လို႔ ႀကိဳးစားေနတယ္တာ ျဖစ္ပါတယ္။

တိုင္ေပမွာ က်င္းပျပဳလုပ္တဲ့ Computex trade Show မွာ ျပသခဲ့တဲ့ ဒီ Processor ဟာ ထိပ္တန္းအဆင့္ CPU, GPU, ISP နဲ႔ AI ကို ေပါင္းစပ္ထားတဲ့ ကုမၸဏီရဲ႕ ပထမဆုံးေသာ 5G modem လည္း ျဖစ္ပါတယ္။ ဒီသတင္းအတိုင္းသာ အမွန္တကယ္ျဖစ္ေပၚလာမယ္ဆိုရင္ေတာ့ Qualcomm ရဲ႕ 5G modem ေတြကိုပဲ မွီခိုအားထားေနစရာမလိုေတာ့ဘဲ 5G ကြန္ရက္ကို လူတန္းစားအေတာ္မ်ားမ်ားက ရယူသုံးစြဲခြင့္ ရွိလာမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ 5G ကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြက ထြက္ေပၚႏွင့္ၿပီး ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းအေတာ္မ်ားမ်ားဟာ ေဈးႏႈန္းျမင့္မားတဲ့ Flagship ေတြျဖစ္ၾကၿပီး Snapdragon X50 modem ကို အသုံးျပဳထားၾကပါတယ္။ ဒီေတာ့ MediaTek ကသာ ေဈးႏႈန္းသင့္တင့္တဲ့ ဖုန္းေတြအတြက္ 5G modem ဖန္တီးေပးႏိုင္ရင္ ေဈးကြက္ထဲမွာ 5G စမတ္ဖုန္းၿပိဳင္ဆိုင္မႈလည္း ပိုၿပီးျပင္းထန္လာမွာျဖစ္သလို သုံးစြဲသူေတြအတြက္လည္း ေ႐ြးခ်ယ္ခြင့္ေတြ ပိုၿပီးမ်ားျပားလာမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Helio M70 5G modem ဟာ တန်ဖိုးသင့် Flagship ဖုန်းတွေအတွက် ရည်ရွယ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့

5G ဆိုတာဟာ လူတိုင်းအတွက်၊ သင့်တင့်တဲ့တန်ဖိုးနဲ့ ရယူနိုင်သင့်တယ်လို့ MediaTek က ယုံကြည်နေပါတယ်။ ဒါကြောင့်လည်း Heilo M70 5G modem ကို လူအတော်များများအသုံးပြုနိုင်တဲ့ အနေအထားရောက်အောင်လို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီဟာ တရုတ်နဲ့ အိန္ဒိယဈေးကွက်တွေမှာ အရောင်းသွက်လှတဲ့ တန်ဖိုးနည်းစမတ်ဖုန်းတွေ၊ တန်ဖိုးသင့်စမတ်ဖုန်းတွေအတွက် ကြီးမားတဲ့အမှတ်တံဆိပ်ဖြစ်နေခဲ့ပါပြီ။ အခုလည်း Heilo M70 5G modem ကို တန်ဖိုးသင့် Flagship ဖုန်းတွေမှာပါ ထည့်သွင်းနိုင်အောင်လို့ ကြိုးစားနေတယ်တာ ဖြစ်ပါတယ်။

တိုင်ပေမှာ ကျင်းပပြုလုပ်တဲ့ Computex trade Show မှာ ပြသခဲ့တဲ့ ဒီ Processor ဟာ ထိပ်တန်းအဆင့် CPU, GPU, ISP နဲ့ AI ကို ပေါင်းစပ်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးသော 5G modem လည်း ဖြစ်ပါတယ်။ ဒီသတင်းအတိုင်းသာ အမှန်တကယ်ဖြစ်ပေါ်လာမယ်ဆိုရင်တော့ Qualcomm ရဲ့ 5G modem တွေကိုပဲ မှီခိုအားထားနေစရာမလိုတော့ဘဲ 5G ကွန်ရက်ကို လူတန်းစားအတော်များများက ရယူသုံးစွဲခွင့် ရှိလာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေက ထွက်ပေါ်နှင့်ပြီး ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းအတော်များများဟာ ဈေးနှုန်းမြင့်မားတဲ့ Flagship တွေဖြစ်ကြပြီး Snapdragon X50 modem ကို အသုံးပြုထားကြပါတယ်။ ဒီတော့ MediaTek ကသာ ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းတွေအတွက် 5G modem ဖန်တီးပေးနိုင်ရင် ဈေးကွက်ထဲမှာ 5G စမတ်ဖုန်းပြိုင်ဆိုင်မှုလည်း ပိုပြီးပြင်းထန်လာမှာဖြစ်သလို သုံးစွဲသူတွေအတွက်လည်း ရွေးချယ်ခွင့်တွေ ပိုပြီးများပြားလာမှာ ဖြစ်ပါတယ်။

Ref: GSMArena