အလုံးရေသန်း ၂၀၀ ရောင်းချနိုင်တဲ့ 200M Club ထဲကို realme က ၅ခုမြောက်အမှတ်တံဆိပ်အဖြစ် အမြန်ဆုံးဝင်ရောက်လာခဲ့ပြီး Flagship အဓိပ္ပာယ်ကို အသစ်တစ်ဖန်ဆန်းသစ်ပေးစေမယ့် realme GT5 Pro ကိုပါ realme က မိတ်ဆက်ပေးခဲ့ ပြီဖြစ်ပါတယ်။

realme ဟာ ကမ္ဘာတစ်ဝန်းလုံးစမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ သန်း ၂၀၀ အထိရောက်ရှိခဲ့သလို ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်တွေရဲ့ ပင်မရေစီးကြောင်းထဲကို ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

realme စမတ်ဖုန်းအမှတ်တံဆိပ်ကိုစတင်တည်ထောင်ခဲ့တဲ့ ၂၀၁၈ ကစလို့ ၃နှစ်အတွင်းမှာ အလုံးရေသန်း ၁၀၀ အထိတင်ပို့ရောင်းချရတဲ့ အမြန်ဆုံးအမှတ်တံဆိပ်အဖြစ်စံချိန်တင်နိုင်ခဲ့ပြီး နောက်ထပ် ၂နှစ်အကြာ ၂၀၂၃ မှာတော့ နောက်ထပ် အလုံးရေ တစ်ဆတိုးကာ သန်း ၂၀၀ အထိတင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

အခုအချက်အလက်တွေကိုတော့ စမတ်ဖုန်းသုတေသနကုမ္ပဏီဖြစ်တဲ့ Counterpoint Research ကထုတ်ပြန်ထားတာဖြစ်ပြီး realme အနေနဲ့ 200M Club အဖြစ်ရောက်ရှိလာခဲ့ပြီလို့ စကားလုံးသစ်ဖန်တီးသုံးနှုန်းထားသလို ယနေ့အချိန်ထိ သန်း၂၀၀ ပမာဏကိုရောင်းချထားနိုင်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီ ၁၄ ခုအတွက် ရည်ညွှန်းထားတာလည်းဖြစ်ပါတယ်။

Counterpoint ရဲ့ဆက်လက်ဖော်ပြမှုအရ အခုလို သန်း ၂၀၀ အထိရောင်းချထားနိုင်တဲ့ စမတ်ဖုန်း ကုမ္ပဏီ ၁၄ ခုထဲမှာမှ Vivo၊ Samsung၊ Huawei နဲ့ Apple တို့သာ ပိုမိုမြန်ဆန်တဲ့အချိန်တွင်းမှာ ဒီရောင်းချမှုမှတ်တိုင်ကို ရယူထားနိုင်ခဲ့တာပါ။

realme အနေနဲ့အခုလို သန်း ၂၀၀ အထိတင်ပို့ရောင်းချနိုင်တဲ့မှတ်တိုင်ကို စိုက်ထူးနိုင်ခြင်းရဲ့အဓိကအချက်က အားကောင်းလှတဲ့မဟာဗျူဟာနဲ့အတူ ဖုန်းမျက်နှာပြင်၊ ဓာတ်ပုံရိုက်ကူးမှုအပိုင်း၊ ဂိမ်းစွမ်းဆောင်ရည်နဲ့ အားအမြန်သွင်းနည်းပညာတွေပေါ်မှာ အဓိကအလေးပေးထားတဲ့ ကိုယ်ပိုင် သုတေသနအဖွဲ့အစည်းပါပေါင်းစပ်ပါဝင်ထားတဲ့ လှုပ်ရှားမှုအရွေ့တစ်ခုအဖြစ်ထုတ်ကုန်ရဲ့ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်ထားတဲ့ သုတေသနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပဲဖြစ်ပါတယ်။

လာမယ့် ၂၀၂၄ မှာ realme အနေနဲ့ အဓိကအရေးပါတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုကို ၄၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားဖို့ စီစဥ်ထားပါတယ်။ အခုလိုရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်က ထုတ်ကုန်တွေတိုင်းမှာ ပိုမိုဆန်းသစ်တဲ့နည်းပညာတိုးတက်မှုတွေကိုပါ ဆက်လက်ဆောင်ရွက်နိုင်စေမှာဖြစ်သလို realme အမှတ်တံဆိပ်ကိုလည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ ရှေ့တန်းနေရာမှာ ဆက်လက်ရပ်တည်ထားနိုင်စေမှာလည်း ဖြစ်ပါတယ်။

realme ကတော့ တရုတ်နိုင်ငံစျေးကွက်မှာ realme GT5 Pro ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး Flagship ဖုန်းတစ်လုံးရဲ့အဓိပ္ပာယ်နဲ့ သူကနေပေးစွမ်းနိုင်တဲ့စွမ်းဆောင်ရည်အပိုင်းတွေကို GT5 Pro ကအသစ်တစ်ဖန်ဖွင့်ဆိုပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအပိုင်းအတွက် ဒီနယ်ပယ်ရဲ့ပထမဆုံး Periscope lens ကို Sony ရဲ့ IMX890 sensor နဲ့အတူ ထည့်သွင်းပေးလိုက်သလို စွမ်းဆောင်ရည်အပိုင်းအတွက် Snapdragon ရဲ့နောက်ဆုံးပေါ် 8 Gen 3 chipset ကိုပါအသုံးပြုပေးထားတာဖြစ်ပါတယ်။

Performance နဲ့လိုက်ဖက်မှုရှိစေဖို့ 3VC အအေးခံပေးတဲ့စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ သုံးစွဲသူတွေ အလေးပေးစောင့်ကြည့်နေကြတဲ့ မျက်နှာပြင်အလင်းပမာဏကိုလည်း စံချိန်တင်အဖြစ် 4500nit အထိ ထောက်ပံ့ပေးထားပြီး ပိုမိုကြီးမားတဲ့ 5400mAh ဘက်ထရီနဲ့အတူ အားသွင်းမြန်ဆန်တဲ့ 100W SUPERVOOC စနစ်ကိုပါထည့်သွင်းပေးပါတယ်။ ကြိုးမဲ့ Wireless အားသွင်းစနစ်ပိုင်းအတွက်ဆိုရင် 50W အထိထောက်ပံ့ပေးထားဦးမှာဖြစ်ပါတယ်။

realme GT5 Pro မှာသုံးထားတဲ့ Snapdragon 8 Gen 3 ဟာဆိုရင် CPU စွမ်းဆောင်ရည်မှာ ၃၀ ရာခိုင်နှုန်း၊ GPU စွမ်းဆောင်ရည်မှာ ၂၅ ရာခိုင်နှုန်း၊ AI စွမ်းဆောင်ရည်မှာ ၉၈ ရာခိုင်နှုန်းနဲ့ စွမ်းအင်ချွေတာမှုအပိုင်းမှာ ၄၀ ရာခိုင်နှုန်းအသီးသီး ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ဘယ်လိုအကြမ်းစားသုံးစွဲမှုမျိုးကိုမဆို GT5 Pro ရဲ့ 8 Gen 3 Chipset က အကောင်းဆုံးစွမ်းဆောင်ပေးနိုင်စေပါလိမ့်မယ်။

ကောင်းတာကိုပိုကောင်းစေဖို့အတွက် ဒီနယ်ပယ်မှာ အကျယ်ဆုံးနေရာအတိုင်းအတာထိ ထောက်ပံ့ပေးနိုင်စေမယ့် 3VC အအေခံစနစ်ကိုပါထပ်ဆင်ပေးထားလို့ အပူပြန့်လွင့်သွားစေမယ့်နေရာကို 12000mm2 အထိအကျယ်ပြန့်ဆုံးအထိ ရရှိကာ အပူပြန့်လွင့်မှုကို ပိုမိုမြန်ဆန်စေပြီး စွမ်းဆောင်ရည်ပိုင်းအမြင့်ဆုံးအခြေအနေမှာရှိနေအောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ပထမဆုံး Geek Performance Panel 2.0 ကိုပါ ထည့်သွင်းထားတဲ့အတွက် CPU ပိုင်းအတွက် frequency လုပ်ဆောင်ချက်ကို သုံးစွဲသူဘက်က လိုအပ်သလို ချိန်ညှိနိုင်စေဦးမှာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းကိုကြည့်ရင် Sony LYT-808 လင်အားမြင့် Sensor ကိုထည့်သွင်းထားပြီး အရွယ်အစားအရလည်း 1/1.4-inch အရွယ်အစားရှိသလို အလင်းဝင်ပေါက် aperture အရွယ်အစားကလည်း F/1.69 အထိရှိနေတာဖြစ်ပါတယ်။ ဒါဟာ realme ကထုတ်လုပ်ခဲ့တဲ့ထုတ်ကုန်တွေ သမိုင်းတစ်လျှောက်လုံးမှာ အရွယ်အစားအကြီးဆုံး ပင်မကင်မရာဆိုရင်လည်း မမှားပါဘူး။

အလုံးစုံအသစ်တစ်ဖန် ပြုပြုင်ထားတဲ့ SuperLight Imaging Engine နဲ့ ProLight တွက်ချက်မှုစနစ်သစ်တို့ပေါင်းစပ်အားကြောင့်လည်း realme GT5 Pro ဟာ အံ့သြမင်သက်လောက်စေမယ့် ဓာတ်ပုံတွေကို ထုတ်ပေးစေနိုင်မှာြဖစ်သလို ဒါဟာ တစ်လက်မ အရွယ်အစားရှိတဲ့ Sensor ကနေထုတ်ပေးနိုင်တဲ့ပုံရိပ်အရည်အသွေးနဲ့ တူညီနေတာပဲဖြစ်ပါတယ်။

realme GT5 Pro နဲ့ BOE တို့ ပူးပေါင်းလုပ်ဆောင်ကာ မိုဘိုင်းနယ်ပယ်ရဲ့အမြင့်မားဆုံး အလင်းအားပမာဏဖြစ်တဲ့ 4500nit ထောက်ပံ့ပေးထားတဲ့မျက်နှာပြင်ကိုပါ ချပြပေးခဲ့တာဖြစ်ပြီး အမြင့်ဆုံး manual brightness အတွက် 1000nit၊ အမြင့်ဆုံး global brightness အတွက် 1600nit တို့ကို အသီးသီးပေးအပ်ထားကာ ဒီလောကအတွက် brightness အမြင့်ဆုံးနယ်ပယ်၃ခုကို ဦးဆောင်စေခဲ့တာပဲ ဖြစ်ပါတယ်။

COP နည်းပညာအသုံးပြုထားတဲ့ realme GT5 Pro ရဲ့မျက်နှာပြင်ဟာ အောက်ဘက်ဘောင်တွေကို 1.36mm အထိအကျဥ်းဆုံးဖြစ်အောင်လုပ်ဆောင်ထားသလို မျက်နှာပြင်နဲ့ကိုယ်ထည်အချိုးအစားကိုလည်း 94.20% အထိအမြင့်ဆုံးရယူပေးထားပါတယ်။ Screen Refresh Rate ကို 0.5Hz-144Hz အတွင်းမှာ လိုသလိုချိန်ညှိပြောင်းလဲပေးမှာြဖစ်ပြီး 1.07 billion color အထိထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ 1.5K golden resolution ကလည်း မိုဘိုင်းလောကအတွက် စံနှုန်းသစ် မျက်နှာပြင်အရည်အသွေးတစ်ခုပါပဲ။

realme GT5 Pro ရဲ့နောက်ဘက်ကင်မရာဒီဇိုင်းပိုင်ကိုတော့ ကြယ်လေးတွေမြှုပ်ထားပြီး အလင်းတွေပြန်နေတဲ့အသွင်ဒီဇိုင်းမျိုးအဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။ အထူးသဖြင့် အဆင့်အတန်းမြင့်နာရီရဲ့ခွေးသွားစိပ်ပုံစံမျိုးအဖြစ် ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။

Red Rock၊ Bright Moon နဲ့ Starry Night ဆိုပြီး အရောင်၃မျိုးထုတ်ပေးထားပါတယ်။ ဒီအထဲကမှ Red Rock နဲ့ Bright Moon တို့ ၂ရောင်ကတော့ အဆင့်မြင့်နည်းပညာပေါင်းစပ်ကာ ပါးလွှာတဲ့လယ်သာလိုမျိုးဖန်တီးထားတာဖြစ်ပြီး ပွန်းပဲ့ဆွေးမြည့်မှုဒဏ်ကို အကြိမ်ရေပေါင်း ၅သိန်းကျော်အထိ စမ်းသပ်ထားဖြစ်ပါတယ်။

နူးညံ့ချောမွေ့ပြီး ပွန်းပဲ့ဆွေးမြည့်မှုဒဏ်ခံနိုင်သလို ထိတွေ့မှုနဲ့လည်းအသာကျစေမှာဖြစ်ပါတယ်။ Starry Night အရောင်အတွက် AG glass နည်းပညာကိုသုံးပေးထားပြီး နူးညံ့ပိုးသားဆန်တဲ့ထိတွေ့မှုမျိုးကိုရရှိစေမှာဖြစ်ပါတယ်။ ကိုယ်ထည်ဘောင်အတွက် အဆင့်မြင့်မာကျောတဲ့ အလူမီနီယံသတ္တုကိုသုံးထားပေးတဲ့အချက်ကလည်း မတော်တဆပြုတ်ကျမှုဒဏ်ကို ၄၀ ရာခိုင်နှုန်အထိ သက်သာကောင်းမွန်စေဦးမှာဖြစ်ပါတယ်။ ဒီအချက်က ပြုတ်ကျသွားတဲ့အခါ ဘေးဘောင်တွေပုံစံပျက်သွားတာမျိုးကို ဖြစ်စေမှာမဟုတ်ပါဘူး။

realme GT5 Pro ဟာ ဒီနယ်ပယ်ရဲ့ပထမဆုံး လက်ဖဝါးနဲ့ မြန်မြန်ဆန်ဆန် Unlock လုပ်တဲ့စနစ်ကိုထည့်သွင်းပေးထားပြီး မျက်နှာပြင်ပိတ်နေတဲ့အချိန်မှာ မိမိရဲ့လက်ဖဝါးကိုဖြန့်ပြကာ ဖုန်းမျက်နှာပြင်နားကိုကပ်လိုက်တာနဲ့ အလျင်အမြန်နဲ့ဖုန်းမျက်နှာပြင်ကို ပွင့်သွားစေမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ AI hand-gesture ထိန်းချုပ်လုပ်ဆောင်မှုစနစ်ကိုထည့်သွင်းထားပြီး လေထဲမှာလက်အသွင်ပုံစံကို ၁၂ မျိုးအထိ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိဖုန်းကို ပုံစံအသစ်လုပ်ဆောင်ချက်မျိုးနဲ့ အပြန်အလှန်သုံးစွဲနိုင်စေမှာဖြစ်ပါတယ်။ realme GT5 Pro ဟာ realme ရဲ့ UI 5.0 နဲ့ပထမဆုံးထွက်လာတာဖြစ်ပြီး ပိုမိုကောင်းမွန်ထိရောက်တဲ့ စနစ်မျိုးတွေနဲ့ ရိုးရှင်းလွယ်ကူစွာအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ အားလုံးကိုခြုံကြည့်လိုက်ရင် realme GT5 Pro ဟာ ထိပ်တန်းအဆင့်မြင့်ထိတွေ့သုံးစွဲမှုမျိုးအတွက် စံနှုန်းသစ်တစ်ရပ်ကိုဖန်းတီးပေးလိုက်တဲ့ ဘက်စုံအဆင့်မြင့် Flagship ထုတ်ကုန်တစ်ခုအဖြစ် ချပြမိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။

Media release: realme