AirPods အသစ် ဝယ်ဖို့ စောင့်နေကြသူတွေအတွက် အချိန်သိပ်မလိုတော့ပါဘူး။ Apple ဟာ လာမယ့်လတွေအတွင်း စတုတ္ထမျိုးဆက် AirPods ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

မျိုးဆက်သစ်မှာ Active Noise Cancellation လို လုပ်ဆောင်ချက် အသစ်တွေ အပါအဝင် ပြောင်းလဲမှုများစွာ ပါလာမှာပါ။ ဒီဇိုင်း အသစ်နဲ့ အဆင့်မြှင့်ထားတဲ့ Case ထည့်သွင်းထားမှာပါ။

Apple AirPods 4

AirPods 4 အတွက် မော်ဒယ် ၂ ခု ထုတ်လုပ်ထားမှာပါ။ ၁ ခုက တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး နောက် ၁ ခုက ပိုမို အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေပါတဲ့ မော်ဒယ် ဖြစ်ပါတယ်။ လက်ရှိမှာ Apple ဟာ AirPods 3 နဲ့ AirPods 2 ကို အွန်လိုင်းနဲ့ မြေပြင် စတိုးတွေကနေ ရောင်းချပေးနေပါတယ်။ ဒါပေမယ့် အဲဒီ မော်ဒယ် ၂ ခုမှာ ကွာခြားချက် သိပ်မရှိတဲ့အတွက် User တွေက ရွေးချယ်ရတာ ခက်နေကြပါတယ်။

Apple AirPods 4: latest news and rumours | T3

AirPods 4 မှာတော့ User တွေ စိတ်ရှုပ်ထွေးစရာ မလိုအောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။ AirPods 4 ရဲ့ တန်ဖိုးနည်း မော်ဒယ်နဲ့ တန်ဖိုးကြီး မော်ဒယ်မှာ ဘာတွေ ကွာခြားသွားမလဲဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့် စွမ်းရည်မြင့် မော်ဒယ်မှာ ပါတဲ့ လုပ်ဆောင်ချက် တချို့ဟာ တန်ဖိုးနည်း မော်ဒယ်မှာ ပါလာမှာ မဟုတ်ပါဘူး။ စွမ်းရည်မြင့် မော်ဒယ်မှာ AirPods Pro မှာပဲ ပါတဲ့ စွမ်းရည် ၁ ခု ဖြစ်တဲ့ Active Noise Cancellation ပါလာမှာပါ။

AirPods 4 မော်ဒယ် ၂ ခုရဲ့ ဒီဇိုင်းက တူညီကြမှာ ဖြစ်ပြီး လက်ရှိမော်ဒယ်တွေနဲ့ Pro Series ကို ပေါင်းစပ်ထားနိုင်ပါတယ်။ Case အသစ်မှာ Lightning အစား USB-C Port တပ်ဆင်ထားမှာပါ။ လက်ရှိမှာ AirPods 4 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

Ref : gizmochina