ကယ်လီဖိုးနီးယား အခြေစိုက် Alef Aeronautics က Alef “Model A” ကားပျံကို မိတ်ဆက်လိုက်ပြီး လမ်းမပေါ်မှာ မောင်းနှင်နိုင်သလို ကောင်းကင်မှာလည်း ပျံသန်းနိုင်ပါတယ်။ မြေပြင်ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပြီး လက်ရှိ လမ်းမတွေမှာ မောင်းနှင်နိုင်အောင်နဲ့ ကားပါကင်တွေမှာ ရပ်နားနိုင်အောင် ကားပျံကို ဒီဇိုင်း ထုတ်ထားပါတယ်။

The Alef Model A flying car fits within existing urban infrastructure for driving and parking.

ကား ဒီဇိုင်းက သာမာန် ကားတွေနဲ့ တူညီပြီး စီးနင်းသူတွေ သက်တောင့်သက်သာ ဖြစ်စေမှာပါ။ ကားရဲ့ အပြင်ဘက်မှာ ပန်ကာတွေ မတပ်ဆင်ထားတာက ထူးခြားပြီး Flight Stabilization ၊ လုံခြုံရေး စနစ်တွေ ထည့်သွင်းထားကာ ဘီး ၄ ဘီးလုံး မောင်းနှင်တဲ့ စနစ် ဖြစ်ပါတယ်။ ကားပျံဟာ အတားအဆီးတွေကို ရှောင်လွှဲမောင်းနှင်နိုင်ပါတယ်။

Alef flying car comes with street driving and vertical take-off abilities.

ကားပျံရဲ့ အလယ်မှာ လူ ၂ ယောက် လိုက်ပါ စီးနင်းနိုင်တဲ့ အခန်းလေး ထည့်သွင်းထားပြီး ပန်ကာ ၈ လုံးကို ကားကိုယ်ထည်ထဲမှာ တပ်ဆင်ထားပါတယ်။ ကားရဲ့ အထက်က အဖုံးကို ဖွင့်နိုင်တဲ့အတွက် လေဝင်လေထွက် ကောင်းစေပါတယ်။ လျှပ်စစ် စွမ်းအင်သုံးကားပျံ ဖြစ်ပြီး လမ်းမပေါ်မောင်းရင် မိုင် ၂၀၀ နဲ့ ကောင်းကင်မှာ ပျံသန်းရင် မိုင် ၁၁၀ မောင်းနှင်နိုင်ပါတယ်။

ကုမ္ပဏီက ကားပျံကို စတင် ထုတ်လုပ်ဖို့ စီစဉ်နေပြီး ၂၀၂၅ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း ရောင်းချမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူသူတွေကို ဒေါ်လာ ၃ သိန်းနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : inceptivemind