[Zawgyi]

ကမာၻ႔အထင္ကရ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Google ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ကာဗြန္ေၾကာင့္ထိခိုက္မႈေတြ ေလ်ာ့က်ေစဖို႔ ႀကိဳးပမ္းေနခဲ့ပါတယ္။ ဒါေၾကာင့္ စြမ္းအင္ကို ျပန္လည္သုံးစြဲႏိုင္မယ့္ နည္းလမ္းေတြကို ေ႐ြးခ်ယ္ေနၿပီး သူတို႔ရဲ႕ထုတ္ကုန္ေတြကိုလည္း ေျပာင္းလဲစျပဳေနၿပီ ျဖစ္ပါတယ္။

Apple ဟာ သူတို႔ရဲ႕ MacBook Air ေတြကို Recycled aluminum နဲ႔ ထုတ္လုပ္သလို၊ Samsung ကလည္း ပလတ္စတစ္ထုတ္ပိုးမႈေနရာမွာ သဘာဝပတ္ဝန္းက်င္အက်ိဳးျပဳ ပစၥည္းေတြနဲ႔ ေျပာင္းလဲလာၿပီ ျဖစ္ပါတယ္။ အလားတူပဲ Google ကလည္း သူ႔ရဲ႕ ထုတ္ကုန္ေတြကို ျပန္လည္အသုံးျပဳႏိုင္တဲ့ ပစၥည္းေတြနဲ႔ ျပဳလုပ္ဖို႔ ႀကိဳးပမ္းလာတာ ျဖစ္ပါတယ္။

Google ဟာ လာမယ့္ ၂၀၂၂ ခုႏွစ္မွာ Google ရဲ႕ ထုတ္ကုန္အားလုံးဟာ ျပန္လည္အသုံးျပဳႏိုင္တဲ့ပစၥည္း (Recycled material) ေတြနဲ႔ျဖစ္လာဖို႔ အစီအစဥ္ခ်မွတ္ထားပါတယ္။ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ေစမယ့္ ေျခလွမ္းအျဖစ္ ဒီႏွစ္ေႏွာင္းပိုင္းမွာစတင္မွာျဖစ္ၿပီး ထုတ္လုပ္မႈနယ္ပယ္ထဲမွာ သုံးေနက်ျဖစ္တဲ့ ပလတ္စတစ္အသစ္ကတစ္ဆင့္ ျပဳလုပ္တဲ့ Polyester (ဓာတုထည္) အစား Recycled bottle ေတြကတစ္ဆင့္ ျပဳလုပ္တဲ့ အထူးထည္ေတြကို အသုံးျပဳ သြားမယ္လို႔လည္း သိရပါတယ္။

Google ဟာ သူတို႔ရဲ႕ ထုတ္ကုန္ေတြအေနနဲ႔ ေရရွည္မွာ အေလအလြင့္ျဖစ္သြားႏိုင္ေျခေလ်ာ့က်ၿပီး ၾကာရွည္သုံးႏိုင္ဖို႔ ၊ ေရရွည္တည္တံ့ေနၿပီး အခါအခြင့္သင့္တိုင္း အသုံးျပဳႏိုင္ဖို႔၊ ေနာက္ဆုံးတစ္ခ်က္ကေတာ့ Google ကျပဳလုပ္လိုက္တဲ့ ထုတ္ကုန္တိုင္းဟာ လြယ္ကူစြာနဲ႔ Recycle ျပန္လုပ္ႏိုင္ဖို႔ ဆိုတဲ့ အခ်က္သုံးခ်က္နဲ႔ ျပည့္စုံဖို႔ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

Ref: GSM Arena

[Unicode]

ထုတ်ကုန်တွေကို Recycled Materials တွေနဲ့ပြုလုပ်တော့မယ့် Google

ကမ္ဘာ့အထင်ကရ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ကာဗွန်ကြောင့်ထိခိုက်မှုတွေ လျော့ကျစေဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ ဒါကြောင့် စွမ်းအင်ကို ပြန်လည်သုံးစွဲနိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်နေပြီး သူတို့ရဲ့ထုတ်ကုန်တွေကိုလည်း ပြောင်းလဲစပြုနေပြီ ဖြစ်ပါတယ်။

Apple ဟာ သူတို့ရဲ့ MacBook Air တွေကို Recycled aluminum နဲ့ ထုတ်လုပ်သလို၊ Samsung ကလည်း ပလတ်စတစ်ထုတ်ပိုးမှုနေရာမှာ သဘာဝပတ်ဝန်းကျင်အကျိုးပြု ပစ္စည်းတွေနဲ့ ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ အလားတူပဲ Google ကလည်း သူ့ရဲ့ ထုတ်ကုန်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Google ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ Google ရဲ့ ထုတ်ကုန်အားလုံးဟာ ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်း (Recycled material) တွေနဲ့ဖြစ်လာဖို့ အစီအစဉ်ချမှတ်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်စေမယ့် ခြေလှမ်းအဖြစ် ဒီနှစ်နှောင်းပိုင်းမှာစတင်မှာဖြစ်ပြီး ထုတ်လုပ်မှုနယ်ပယ်ထဲမှာ သုံးနေကျဖြစ်တဲ့ ပလတ်စတစ်အသစ်ကတစ်ဆင့် ပြုလုပ်တဲ့ Polyester (ဓာတုထည်) အစား Recycled bottle တွေကတစ်ဆင့် ပြုလုပ်တဲ့ အထူးထည်တွေကို အသုံးပြု သွားမယ်လို့လည်း သိရပါတယ်။

Google ဟာ သူတို့ရဲ့ ထုတ်ကုန်တွေအနေနဲ့ ရေရှည်မှာ အလေအလွင့်ဖြစ်သွားနိုင်ခြေလျော့ကျပြီး ကြာရှည်သုံးနိုင်ဖို့ ၊ ရေရှည်တည်တံ့နေပြီး အခါအခွင့်သင့်တိုင်း အသုံးပြုနိုင်ဖို့၊ နောက်ဆုံးတစ်ချက်ကတော့ Google ကပြုလုပ်လိုက်တဲ့ ထုတ်ကုန်တိုင်းဟာ လွယ်ကူစွာနဲ့ Recycle ပြန်လုပ်နိုင်ဖို့ ဆိုတဲ့ အချက်သုံးချက်နဲ့ ပြည့်စုံဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

Ref: GSM Arena