နောက်ဆုံးတော့ သတင်းများစွာ ထွက်နေတဲ့ iPhone 13 Series တွေ ကြေညာမယ့်နေ့ကို သိလိုက်ရပါပြီ။ Apple က ဒီလ ၁၄ ရက်နေ့မှာ မိတ်ဆက်ပွဲပြုလုပ်မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်ရက်ပိုင်းအလိုမှာပဲ ယူကရိန်း စတိုးတစ်ခုက iPhone 13 မော်ဒယ်အားလုံးရဲ့ အရောင်နဲ့ Storage Option တွေကို စာရင်းတင်လိုက်ပါတယ်။

New Apple Leak Reveals iPhone 13 Price Shock

ယူကရိန်း စတိုးက အဲဒီ စမတ်ဖုန်းတွေရဲ့ ဓါတ်ပုံကို တင်ထားတာ မဟုတ်ဘဲ အရောင်တွေကိုပဲ စာနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းချမယ့် နေ့ကိုပါ ကြေညာထားပြီး စာရင်းတင်ထားတဲ့ ယူကရိန်း စတိုး အမည်ကို မသိရသေးပါဘူး။

Apple's new iPhone lineup: Every rumored difference between the iPhone 13,  Mini, Pro and Pro Max - CNET

အဲဒီ ယူကရိန်း စတိုးရဲ့ စာရင်းသာ မှန်မယ်ဆိုရင် iPhone 13 mini နဲ့ iPhone 13 အတွက် အရောင် ၆ မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး Black, Blue, Purple, Pink, White နဲ့ Product RED တို့ ဖြစ်ပါတယ်။ mini အတွက် 64GB , 128GB Storage Option နဲ့ iPhone 13 အတွက် 128GB ,256GB Storage Option တွေ ရွေးချယ်နိုင်မှာပါ။

iPhone 13 Pro နဲ့ 13 Pro Max အတွက် Black , Silver , Gold နဲ့ Bronze အရောင် ၄ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Pro အတွက် 128GB , 256GB Storage Option နဲ့ Max အတွက် 256GB , 512GB Storage Option တွေ ထွက်လာမှာပါ။

ref : gsmarena