Unicode

Amazfit ကနေ အခုအချိန်မှာ Wireless Earbuds ၂ မျိုးအပြင် Smartwatch အသစ် ၂ မျိုးကိုပါ မိတ်ဆက်ခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ T-Rex Smartwatch ကို ပြောရမယ်ဆိုရင် Rugged Smartwatch အမျိုးအစားဖြစ်ပြီး MIL-STD 810G Standard ရှိတဲ့အပြင် 5ATM Water Resistance လည်း ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ T-Rex Smartwatch ဟာဆိုရင် 1.3″ ရှိတဲ့ AMOLED Display ကို ထည့်သွင်းထားပြီးတော့ Gorilla Glass 3 Protection လည်းပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 390mAh Battery ပါဝင်ပြီးတော့ တကယ်လို့ နာရီအနေနဲ့ပဲ အသုံးပြုမယ်ဆိုရင် ၆၆ ရက်အထိ ဆက်တိုက်သုံးစွဲနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် GPS Tracking ကို ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့ နာရီ ၂၀ ဝန်းကျင်ပဲ အသုံးခံမှာပါ။

GPS အတွက်လည်း Dual-star Positioning System ပါဝင်တဲ့ Sony GPS Chip ကို ထည့်သွင်းပေးထားသလို Optical BioTracker PPG Heart Rate Sensor ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဒီ အကြမ်းခံတဲ့ T-Rex Smartwatch အပြင် Amazfit ကနေ Bip S Smartwatch အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။ အဆိုပါ Bip S ကတော့ 1.28″ Color LCD Display ပဲပါဝင်မှာဖြစ်ပေမယ့် IP68 Water Resistant ၊ Onboard GPS ၊ Bluetooth 5.0 ၊ Heart Rate နဲ့ အားကစား ၁၀ မျိုးအတွက် Fitness Tracking Feature တွေပါဝင်မယ်လို့ သိရပါတယ်။

အခု Amazfit Bip S ဟာ Battery Life အနေနဲ့ ပုံမှန်အသုံးပြုမယ်ဆိုရင် ရက် ၄၀ ခန့်အသုံးပြုနိုင်မှာဖြစ်ပြီးတော့ စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၇၀ ဝန်းကျင်ပဲ ကျသင့်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ Carbon Black ၊ Red Orange ၊ Warm Pink နဲ့ White Rock ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Smartwatch တွေအပြင် Amazfit ကနေ PowerBuds နဲ့ ZenBuds ဆိုပြီး Wireless Earbuds ၂ မျိုးကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Amazfit PowerBuds မှာဆိုရင် PPG Heart Rate Sensor ပါဝင်ပြီးတော့ IP55 Rating လည်းရရှိထားသေးတာဖြစ်ပါတယ်။ Battery အနေနဲ့ Charging Case မှာ 450mAh နဲ့ Buds မှာ 55mAh Battery ပါဝင်တဲ့အတွက် ဆက်တိုက် ၈ နာရီဝန်းကျင်အထိ သီချင်းနားထောင်နိုင်မှာပါ။

Amazfit ZenBuds ကတော့ Ambient Nose တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက်ပဲဖြစ်ပြီး ကျန်းမာရေးအတွက် ရည်ရွယ်တဲ့ Earbuds တွေလို့တောင် ပြောနိုင်ပါတယ်။ အဆိုပါ ZenBuds မှာဆိုရင် အိပ်ချိန်ကို လိုက်တိုင်းတာနိုင်တဲ့ Sensor တွေနဲ့ Heart Rate Monitor လည်း ပါဝင်ဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ ပိုပြီး လွယ်ကူစွာအိပ်ပျော်ဖို့အတွက်လည်း ငြိမ့်ညောင်းတဲ့သံစဥ်တွေကို ဖွင့်ထားနိုင်တယ်လို့ သိရပါတယ်။ Battery ကို ချွေတာတဲ့အနေနဲ့လည်း အိပ်ပျော်သွားပြီးဆိုတာနဲ့ အလိုအလျောက်ပိတ်သွားမှာလည်းဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

Amazfit ကေန အခုအခ်ိန္မွာ Wireless Earbuds ၂ မ်ိဳးအျပင္ Smartwatch အသစ္ ၂ မ်ိဳးကိုပါ မိတ္ဆက္ခဲ့ပါတယ္။

အရင္ဆုံးအေနနဲ႔ T-Rex Smartwatch ကို ေျပာရမယ္ဆိုရင္ Rugged Smartwatch အမ်ိဳးအစားျဖစ္ၿပီး MIL-STD 810G Standard ရွိတဲ့အျပင္ 5ATM Water Resistance လည္း ပါဝင္မွာျဖစ္ပါတယ္။

အဆိုပါ T-Rex Smartwatch ဟာဆိုရင္ 1.3″ ရွိတဲ့ AMOLED Display ကို ထည့္သြင္းထားၿပီးေတာ့ Gorilla Glass 3 Protection လည္းပါဝင္မွာျဖစ္ပါတယ္။ Battery အေနနဲ႔ 390mAh Battery ပါဝင္ၿပီးေတာ့ တကယ္လို႔ နာရီအေနနဲ႔ပဲ အသုံးျပဳမယ္ဆိုရင္ ၆၆ ရက္အထိ ဆက္တိုက္သုံးစြဲႏိုင္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ GPS Tracking ကို ဆက္တိုက္အသုံးျပဳမယ္ဆိုရင္ေတာ့ နာရီ ၂၀ ဝန္းက်င္ပဲ အသုံးခံမွာပါ။

GPS အတြက္လည္း Dual-star Positioning System ပါဝင္တဲ့ Sony GPS Chip ကို ထည့္သြင္းေပးထားသလို Optical BioTracker PPG Heart Rate Sensor ကိုလည္း ထည့္သြင္းေပးထားပါတယ္။

ဒီ အၾကမ္းခံတဲ့ T-Rex Smartwatch အျပင္ Amazfit ကေန Bip S Smartwatch အသစ္ကိုလည္း မိတ္ဆက္ေပးခဲ့ပါေသးတယ္။ အဆိုပါ Bip S ကေတာ့ 1.28″ Color LCD Display ပဲပါဝင္မွာျဖစ္ေပမယ့္ IP68 Water Resistant ၊ Onboard GPS ၊ Bluetooth 5.0 ၊ Heart Rate နဲ႔ အားကစား ၁၀ မ်ိဳးအတြက္ Fitness Tracking Feature ေတြပါဝင္မယ္လို႔ သိရပါတယ္။

အခု Amazfit Bip S ဟာ Battery Life အေနနဲ႔ ပုံမွန္အသုံးျပဳမယ္ဆိုရင္ ရက္ ၄၀ ခန္႔အသုံးျပဳႏိုင္မွာျဖစ္ၿပီးေတာ့ ေစ်းႏႈန္းအေနနဲ႔လည္း ေဒၚလာ ၇၀ ဝန္းက်င္ပဲ က်သင့္မွာျဖစ္ပါတယ္။ အေရာင္ေတြအေနနဲ႔ Carbon Black ၊ Red Orange ၊ Warm Pink နဲ႔ White Rock ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး လာမယ့္ ေဖေဖာ္ဝါရီလအတြင္းမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Smartwatch ေတြအျပင္ Amazfit ကေန PowerBuds နဲ႔ ZenBuds ဆိုၿပီး Wireless Earbuds ၂ မ်ိဳးကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ Amazfit PowerBuds မွာဆိုရင္ PPG Heart Rate Sensor ပါဝင္ၿပီးေတာ့ IP55 Rating လည္းရရွိထားေသးတာျဖစ္ပါတယ္။ Battery အေနနဲ႔ Charging Case မွာ 450mAh နဲ႔ Buds မွာ 55mAh Battery ပါဝင္တဲ့အတြက္ ဆက္တိုက္ ၈ နာရီဝန္းက်င္အထိ သီခ်င္းနားေထာင္ႏိုင္မွာပါ။

Amazfit ZenBuds ကေတာ့ Ambient Nose ေတြကို ဖယ္ရွားေပးႏိုင္ဖို႔အတြက္ပဲျဖစ္ၿပီး က်န္းမာေရးအတြက္ ရည္႐ြယ္တဲ့ Earbuds ေတြလို႔ေတာင္ ေျပာႏိုင္ပါတယ္။ အဆိုပါ ZenBuds မွာဆိုရင္ အိပ္ခ်ိန္ကို လိုက္တိုင္းတာႏိုင္တဲ့ Sensor ေတြနဲ႔ Heart Rate Monitor လည္း ပါဝင္ဦးမွာပါ။ ဒါတင္မဟုတ္ေသးဘဲ ပိုၿပီး လြယ္ကူစြာအိပ္ေပ်ာ္ဖို႔အတြက္လည္း ၿငိမ့္ေညာင္းတဲ့သံစဥ္ေတြကို ဖြင့္ထားႏိုင္တယ္လို႔ သိရပါတယ္။ Battery ကို ေခြၽတာတဲ့အေနနဲ႔လည္း အိပ္ေပ်ာ္သြားၿပီးဆိုတာနဲ႔ အလိုအေလ်ာက္ပိတ္သြားမွာလည္းျဖစ္ပါတယ္။

Ref – GSM Arena