Huami ဟာ Xiaomi ရဲ့ Mi Band 5 နဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ Fitness tracker Amazfit Band 5 ကို ကြေညာလိုက်ပါတယ်။ ဒီ Tracker အသစ်ကို U.S. ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး Mi Band 5 မှာ မပါဝင်တဲ့ Key Feature တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Amazfit Band 5 ဟာ 1.1-inch AMOLED touch-display နဲ့ဖြစ်ပြီး Watch face ပေါင်း ၄၅ ခုအထိ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူစိတ်ကြိုက် ကိုယ်ပိုင်ဓါတ်ပုံတွေကိုလည်း နာရီမျက်နှာပြင်အဖြစ် ရွေးချယ်တပ်ဆင်နိုင်ပါတယ်။ Fitness tracker ကတော့ အိမ်တွင်း၊ အိမ်ပြင်စက်ဘီးစီးခြင်း၊ ရေကူး၊ ခုန်ကျော် စတာတွေအပါအဝင် အားကစားနည်း ၁၁ မျိုးအထိ ခြေရာခံနိုင်ပါတယ်။

Amazfit Band 5 မှာ BioTracker 2 PPG sensor ပါဝင်ပြီး နှလုံးခုန်နှုန်းကို ၂၄ နာရီစောင့်ကြည့် ပေးနိုင်သလို၊ နှလုံးခုန်သံမြင့်မားလာရင်လည်း အသိပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ SomnusCare sensor ကတော့ အိပ်စက်ခြင်းကို စောင့်ကြည့်ပေးမှာဖြစ်ပြီး Huami ရဲ့ ကျန်းမာရေးအကဲဖြတ်မှုစနစ်နဲ့ စိတ်ဖိစီးမှုစောင့်ကြည့်စနစ်လည်း ပါဝင်မှာပါ။

ဒါ့အပြင် SpO2 monitor (OxygenBeats) က သွေးတွင်းအောက်စီဂျင် တိုင်းတာပေးပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်ဟာ Xiaomi Mi Band 5 မှာ ပါဝင်ခြင်းမရှိပါဘူး။ မမျိုးဥကြွေချိန်နဲ့ ဓမ္မတာစက်ဝန်းကိုလည်း စောင့်ကြည့်ပေးပြီး အဆိုပါအချိန်မတိုင်မီ သတိပေးမှုကို ပြုလုပ်ပေးမှာလည်း ဖြစ်ပါတယ်။

Alexa ရဲ့ Vioce assistant လည်း ပါဝင်ပြီး အသုံးပြုသူတွေကို မေးခွန်းတွေမေးဖို့၊ သတိပေးဖို့နဲ့ Smart home device တွေကို ထိန်းချုပ်ဖို့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Fitness tracker မှာ 125mAh ဘက်ထရီပါဝင်ပြီး ပုံမှန်အသုံးပြုချိန် ၂ ပတ်အထိ ရရှိမှာဖြစ်ပါတယ်။ Power Saving mode ဆိုရင်တော့ ၂၅ ရက်ကြာ သုံးနိုင်မယ်လို့ သိရပါတယ်။

Amazfit Band 5 ကို လာမယ့် စက်တင်ဘာလ ၂၁ ရက်မှာ $45 (၆ သောင်းဝန်းကျင်)နဲ့ ရောင်းချမှာဖြစ်ပြီး လတ်တလောမှာတော့ U.S. ရဲ့ Amazon မှာ ရရှိမှာပါ။ အခြားဈေးကွက်တွေမှာ ရောင်းချမယ်၊ မရောင်းချဘူးတော့ မသိရသေးပါဘူး။

Ref: Gizmochina