အိန္ဒိယမှာ Bip S နဲ့ Bip S Lite ကို ကြေညာပြီးနောက်မှာ Amazfit က Bip U ကို ချပြလိုက်ပါတယ်။ ၃,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သောင်းလောက် ကျသင့်ပါတယ်။ အနက်၊ အစိမ်းနဲ့ ပန်းရောင်တွေ ရွေးချယ်နိုင်ပြီး ၁.၄၃ လက်မ TFT Color Touchscreen တပ်ဆင်ထားပါတယ်။ 320x302pixels Resolution ထောက်ပံ့ထားပြီး မျက်နှာပြင်ကို 2.5D Corning Gorilla Glass 3 နဲ့ ကာကွယ်ထားတဲ့အတွက် အကြမ်းခံမှာ သေချာပါတယ်။  မျက်နှာပြင်ကို လက်ဗွေရာ မထင်အောင် Coating ၁ ခုနဲ့ ဖုံးအုပ်ထားပါတယ်။

Amazfit Bip U launched in India with 60+ Sports Modes, SpO2 sensor, and stress monitoring

Watch Face ပေါင်း ၅၀ ပါလာပြီး Home Screen မှာ မြင်ချင်တဲ့ သတင်းအချက်အလက်တွေကို ရွေးချယ်နိုင်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက်တော့ Built-in Watch Face ၂ ခုကနေပဲ ရမှာပါ။ ၃၁ ဂရမ်ပဲ အလေးချိန်ရှိပြီး ပလတ်စတစ် Casing နဲ့ ဆီလီကွန် လက်ပတ်ကြိုးပါပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပြီး 230mAh ဘက်ထရီ ထည့်ထားပါတယ်။ အားအပြည့်သွင်းထားရင် ၉ ရက်လောက် အသုံးခံပါတယ်။

Amazfit Bip U launching in India on October 16 - GSMArena.com news

Sports Mode ပေါင်း ၆၀ ကျော် ပါလာပြီး ချိတ်ဆက်ထားတဲ့ ဖုန်းက GPS ရဲ့ အကူအညီနဲ့ Workout Route ကို ခြေရာခံနိုင်ပါတယ်။ ၂၄ နာရီ အချိန်ပြည့် နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပြီး  သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ SpO2 Sensor ထည့်ထားပါတယ်။ စိတ်ဖိစီးမှုနဲ့ အမျိုးသမီးတွေ ဓမ္မတာ စက်ဝန်းကို တွက်ချက်ပေးနိုင်ပါတယ်။

Bip U က အိပ်စက်မှု အခြေအနေကိုလည်း တိုင်းတာပေးနိုင်ပြီး အိပ်ရေးဝအောင် ကူညီ လမ်းပြပေးပါတယ်။ ဖုန်းဝင်လာတာနဲ့ App Notification တွေကို အသိပေး ပြသနိုင်ပြီး PAI Health Assessment System, Pomodoro Clock, Music and Camera Control, Alarm Clock, World Clock နဲ့ Weather Forecasts တွေ ပါပါတယ်။

Ref : gsmarena