Amazon ပိုင်တဲ့ Ring Video Doorbell ကုမ္ပဏီက Indoor / Outdoor Ring Device ကနေ ဂြိုလ်သားတွေကို မှတ်တမ်းတင်ထားသူကို ဆုငွေ ဒေါ်လာ ၁ သန်း ပေးမှာပါ။ Ring က အဲဒီ ပြိုင်ပွဲကို “Ring ရဲ့ ဒေါ်လာ ၁ သန်းတန် ဂြိုလ်သား ရှာဖွေမှု” လို့ အမည်ပေးထားပါတယ်။

ပြိုင်ပွဲဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြီးဆုံးမှာပါ။ သင့် အိမ်ရှေ့ကို ဂြိုလ်သား မရောက်လာခဲ့ရင်လည်း သင်ဟာ ဒေါ်လာ ၅၀၀ တန် Amazon Gift Card တွေ ကံထူးနိုင်ပါသေးတယ်။ ဒီဆုကို ရဖို့ သင့် Ring Device ကနေ သဘာဝလွန်ဖြစ်ရပ်တွေကို ဖမ်းယူနိုင်ရမှာပါ။

Amazon offers $1million reward for footage of aliens captured on Ring doorbell – but you need to enter before deadline | The US Sun

ပြိုင်ပွဲမှာ ပါဝင်ဖို့ Ring Doorbell User တွေဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ဖမ်းယူထားတဲ့ Video ကို ပိုင်ဆိုင်ရမှာပါ။ သင့် အိမ်နားက UFO ပျံသန်းသွားတာ၊ ဂြိုလ်သား သင့်လမ်းထဲကနေ ဖြတ်သွားတာ စတဲ့ Video တွေ ဖြစ်ပါတယ်။ အဲဒီ Video ကို Amazon ကို ပေးပို့ပေးမှာပါ။

Ring Device ကနေ ဂြိုလ်သားကို မှတ်တမ်းတင်ထားနိုင်သူကို ဒေါ်လာ ၁ သန်း ပေးအပ်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက ဂြိုလ်သား အထောက်အထား စံနှုန်းနဲ့ ကိုက်ညီသလားဆိုတာ Video မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

Ring ရဲ့ ဂြိုလ်သား ရှာတဲ့ အစီအစဉ်ဟာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သင့်ရဲ့ Ring Device ကနေ ဂြိုလ်သားကို မှတ်တမ်းတင်နိုင်ဖို့ အခွင့်အရေးဟာ အလွန် နည်းပါးပေမယ့် ပျော်စရာ ကောင်းပါတယ်။

Ref: gizchina