Huawei ကနေ ထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ အခုနောက်ဆုံး Android 10 ကို အခြေခံတဲ့ EMUI 10 ကို အသုံးပြုနေတာဖြစ်ပါတယ်။ Huaweu နေ အဆိုပါ EMUI 10 ကို အသုံးပြုနေသူ စုစုပေါင်း အယောက် သန်း ၁၀၀ ကျော်ရှိသွားပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

EMUI 10 ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်တုန်းက Huawei Mate 30 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာတင် Huawei စမတ်ဖုန်း အမျိုးအစားပေါင်း ၃၃ မျိုးအထိကို Update ရရှိအောင်ပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီ EMUI 10 Update ဟာ Huawei အတွက်တော့ အကောင်းဆုံး OS တစ်ခုလို့ပြောနိုင်ပြီးတော့ ပြီးခဲ့တဲ့ Version တွေနဲ့ယှဥ်မယ်ဆိုရင် Feature ပိုင်းအရရော အသုံးပြုရတာလည်းပိုပြီး လွယ်ကူလာတယ်လို့ပြောနိုင်ပါတယ်။

EMUI 10 အသစ်နဲ့အတူ Huawei ရဲ့ ကိုယ်ပိုင် Feature တွေဖြစ်တဲ့ GPU Turbo ၊ EROFS File System ၊ Ark Compiler ၊ AI Assistant တွေအပြင် System-wide Dark Mode ပါဝင်လာပြီး Huawei Mobile Service (HMS) အတွက်လည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ အခုလိုမျိုး Android 10 အခြေခံထားတဲ့ EMUI 10 Update ကို သုံးစွဲသူ သန်း ၁၀၀ ကျော်အထိ အသုံးပြုနိင်အောင် Update လုပ်ပေးနိုင်တာကတော့ အထင်ကြီးစရာပါ။

Ref – Gizmo China