Zawgyi

Google ကေန ၿပီးခဲ့တဲ့ ေမလတုန္းက ျပဳလုပ္ခဲ့တဲ့ Google I/O 2019 Event မွာ Android Version အသစ္ျဖစ္တဲ့ Android Q ကို Beta Version ေတြအရင္ထုတ္ေပးေနခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ Android Q ကို Android 10 လို႔ပဲ နာမည္ေပးမယ္ဆိုတာကို Google က တရားဝင္အတည္ျပဳလိုက္ၿပီျဖစ္သလို Beta အေနနဲ႔လည္း Final Beta ျဖစ္တဲ့ Beta 6 ကို ေရာက္ရွိေနပါၿပီ။

အဲ့ဒီအတြက္ Android 10 Stable Update ဟာ မၾကာခင္မွာ ထြက္ရွိေတာ့မယ္လို႔ ယူဆရၿပီးေတာ့ အခုအခ်ိန္မွာ ထြက္ရွိမယ့္အခ်ိန္က ေပါက္ၾကားလာခဲ့ပါၿပီ။ ဒီသတင္းကိုေတာ့ Google Support က Agent ကိုယ္တိုင္က အတည္ျပဳေပးခဲ့တာျဖစ္ၿပီးေတာ့ Android 10 Stable Update ဟာ လာမယ့္ စက္တင္ဘာလ ၃ ရက္ေန႔မွာ တရားဝင္ရရွိမွာျဖစ္ပါတယ္။

ဒါေပမယ့္ Google အေနနဲ႔ Android 10 Stable Update ကို လာမယ့္ စက္တင္ဘာ ၃ ရက္ေန႔မွာ ထုတ္ေပးမယ္ဆိုေပမယ့္ အဲ့ဒီေန႔မွာ Update လုပ္ႏိုင္မယ့္ Devices ေတြကေတာ့ Google ရဲ႕ ကိုယ္ပိုင္ Pixel စမတ္ဖုန္းေတြပဲ ရရွိဖို႔ပိုမ်ားေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိအခ်ိန္အထိ Nokia ကပဲ Android 10 Update ကို ထုတ္ေပးမယ့္ အခ်ိန္ကို ေျပာၾကားထားခဲ့တာျဖစ္ၿပီး တျခား Samsung လိုမ်ိဳး စမတ္ဖုန္းထုတ္လုပ္သူေတြအေနနဲ႔ေတာ့ အခုထိ Android 10 Update နဲ႔ ပတ္သတ္ၿပီး ေျပာၾကားခဲ့ျခင္းမရွိေသးပါဘူး။

Google အတြက္ Android 10 ဟာ ပထမဆုံးအေနနဲ႔ အခ်ိဳပြဲနာမည္ေတြကို ပစ္ပယ္ၿပီးေတာ့ Android 10 လို႔ပဲ ေျပာင္းလဲထားတဲ့ Android Version ျဖစ္ၿပီးေတာ့ Android Logo ကိုပါ ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ ဒီ Android 10 Update မွာလည္း Gesture Navigation အသစ္၊ Dark Mode ၊ Live Caption ၊ Focus Mode နဲ႔ Smart Reply လိုမ်ိဳး Feature ေတြအမ်ားအျပားပါဝင္လာသလို Privacy နဲ႔ Location ပိုင္းကိုလည္း Update ျပဳလုပ္လာတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Android 10 Stable Update ထြက္ရွိဖို႔က နီးကပ္ေနၿပီဆိုေတာ့ လာမယ့္ ႏွစ္ကုန္ပိုင္းမွာထြက္ရွိလာမယ့္ စမတ္ဖုန္းေတြလည္း Android 10 နဲ႔ ထြက္ရွိလာႏိုင္ပါတယ္။

Ref – Phone Arena

Unicode

Google ကနေ ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2019 Event မှာ Android Version အသစ်ဖြစ်တဲ့ Android Q ကို Beta Version တွေအရင်ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Android Q ကို Android 10 လို့ပဲ နာမည်ပေးမယ်ဆိုတာကို Google က တရားဝင်အတည်ပြုလိုက်ပြီဖြစ်သလို Beta အနေနဲ့လည်း Final Beta ဖြစ်တဲ့ Beta 6 ကို ရောက်ရှိနေပါပြီ။

အဲ့ဒီအတွက် Android 10 Stable Update ဟာ မကြာခင်မှာ ထွက်ရှိတော့မယ်လို့ ယူဆရပြီးတော့ အခုအချိန်မှာ ထွက်ရှိမယ့်အချိန်က ပေါက်ကြားလာခဲ့ပါပြီ။ ဒီသတင်းကိုတော့ Google Support က Agent ကိုယ်တိုင်က အတည်ပြုပေးခဲ့တာဖြစ်ပြီးတော့ Android 10 Stable Update ဟာ လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ တရားဝင်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် Google အနေနဲ့ Android 10 Stable Update ကို လာမယ့် စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပေးမယ်ဆိုပေမယ့် အဲ့ဒီနေ့မှာ Update လုပ်နိုင်မယ့် Devices တွေကတော့ Google ရဲ့ ကိုယ်ပိုင် Pixel စမတ်ဖုန်းတွေပဲ ရရှိဖို့ပိုများနေပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်အထိ Nokia ကပဲ Android 10 Update ကို ထုတ်ပေးမယ့် အချိန်ကို ပြောကြားထားခဲ့တာဖြစ်ပြီး တခြား Samsung လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့တော့ အခုထိ Android 10 Update နဲ့ ပတ်သတ်ပြီး ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

Google အတွက် Android 10 ဟာ ပထမဆုံးအနေနဲ့ အချိုပွဲနာမည်တွေကို ပစ်ပယ်ပြီးတော့ Android 10 လို့ပဲ ပြောင်းလဲထားတဲ့ Android Version ဖြစ်ပြီးတော့ Android Logo ကိုပါ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒီ Android 10 Update မှာလည်း Gesture Navigation အသစ်၊ Dark Mode ၊ Live Caption ၊ Focus Mode နဲ့ Smart Reply လိုမျိုး Feature တွေအများအပြားပါဝင်လာသလို Privacy နဲ့ Location ပိုင်းကိုလည်း Update ပြုလုပ်လာတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Android 10 Stable Update ထွက်ရှိဖို့က နီးကပ်နေပြီဆိုတော့ လာမယ့် နှစ်ကုန်ပိုင်းမှာထွက်ရှိလာမယ့် စမတ်ဖုန်းတွေလည်း Android 10 နဲ့ ထွက်ရှိလာနိုင်ပါတယ်။

Ref – Phone Arena