OPPO က R15 အတွက် Android 10 Update ကို ColorOS 7 နဲ့ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ R15 ကို ၂၀၁၈ ခုနှစ် မတ်လက ကြေညာခဲ့တာ ဖြစ်ပြီး ဧပြီလမှာ ရောင်းပေးခဲ့တာပါ။ စတင် ရောင်းချချိန်က Android 8.1 Oreo အခြေပြု ColorOS 5 ပဲ ထည့်ထားတာ ဖြစ်ပါတယ်။

Update မှာ System-wide Dark Mode နဲ့ Gesture Navigation တို့လို  Android 10 ရဲ့ လုပ်ဆောင်ချက်တွေ ပါလာပြီး ColorOS 7 မှာ UI ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။ Update ကို တစ်ကမ္ဘာလုံးအတွက် တစ်ဆင့်ချင်း ဖြန့်ချိပေးမှာ ဖြစ်တဲ့အတွက် ရက်သတ္တပတ် အနည်းငယ်ကြာဦးမှာပါ။ Firmware Version ဟာ CPH1819EX_11.F.12 ဖြစ်ပါတယ်။ ဒီလကုန်မှာ OPPO R15 Pro အတွက် Android 10 ကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

R15 မှာ ၆.၃၈ လက်မ AMOLED Display တပ်ဆင်ထားပြီး Notch လည်း ပါပါတယ်။ FHD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ MediaTek Octa-Core Helio P60 Chipset ထည့်သွင်းထားပါတယ်။ 4GB RAM နဲ့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများကို ဖန်တီးပေးပါတယ်။

Oppo က မေလတုန်းကလည်း R15 ရဲ့ အထူးထုတ် မော်ဒယ်ကို ရောင်းချပေးခဲ့ပါတယ်။ Nebula Special Edition ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကို နာမည်ကျော် အီဂျစ် ဒီဇိုင်နာ Karim Rashid နဲ့ ပူးပေါင်းဖန်တီးထားပါတယ်။ သူ့ရဲ့ အနောက်ဘက် ကိုယ်ထည်ရဲ့ အရောင်ကို အပြာ၊ အနီနဲ့ ပန်းရောင်များဖြင့် ပေါင်းစပ်ဖန်တီးထားတာက အလွန် စွဲမက်ဖွယ်ကောင်းပါတယ်။ အလင်းရောင်ထဲမှာ တစ်ဖျပ်ဖျပ်နဲ့ တောက်ပနေပါတယ်။ ဒီဇိုင်နာရဲ့ လက်မှတ်ကို အနောက်ဘက် ကိုယ်ထည်ရဲ့ အောက်ခြေမှာ ရေးထိုးထားပါတယ်။

Ref : gsmarena