Google က Android 11 Beta ကို ဖြန့်ချိလိုက်ပြီး Pixel Device တွေမှာ အစောဆုံး ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ တခြား Device တွေမှာလည်း စတင် ရရှိတော့မှာ ဖြစ်ပါတယ်။ OnePlus က နောက်ဆုံးထုတ် Android OS ကို OnePlus 8 Series တွေအတွက် အစောဆုံးရအောင် ကြိုးစားထားတယ်လို့ ဖိုရမ်မှာ ကြေညာလိုက်ပါတယ်။

ကုမ္ပဏီက OnePlus 8 နဲ့ OnePlus 8 Pro တို့အတွက် Android 11 Beta Download Link တွေကို တင်ထားပေးပြီးပါပြီ။ OnePlus က Beta Version ဖြစ်တဲ့အတွက် Software ဟာ ချောချောမွတ်မွတ် ရှိမှာ မဟုတ်ဘူးလို့ သတိပေးထားပြီး Face Unlock , “OK Google “ နဲ့ Video Calling တွေကို လက်ရှိမှာ မသုံးနိုင်သေးပါဘူး။ Android 11 Beta ကို သုံးကြည့်လို့ မကြိုက်ရင် အရင် OS ပြန်သုံးနိုင်အောင် ကုမ္ပဏီက Android 10 Download Link ကိုလည်း တင်ထားပေးပါတယ်။

Android 11 ရဲ့ အလန်းဆုံး လုပ်ဆောင်ချက်က Bubbles ဖြစ်ပြီး တခြား App တွေအပေါ်မှာ Floating Bubbles နဲ့ Minimize လုပ်ပေးနိုင်ပါတယ်။ ဒါဟာ Facebook Messenger ရဲ့ Chat Head နဲ့ တူပြီး အချိန်မရွေး Chat နိုင်ပါတယ်။ Android 11 ရဲ့ Quick Settings မှာ Media Controls Widget ၁ ခု ပါလာပြီး Notification Bar ကို အောက်ဆွဲချရင် သုံးနိုင်မှာ ဖြစ်ပါတယ်။ Home Screen ရဲ့ အောက်ခြေမှာ App Suggestions ထည့်သွင်းထားပါတယ်။ Android 11 Beta ကို မကြာခင်မှာ တခြား ဖုန်းတွေအတွက် ဖြန့်ချိပေးနိုင်ပြီး လက်ရှိမှာတော့ Pixel နဲ့ OnePlus 8 Series တွေမှာ သုံးနိုင်ပါပြီ။

Ref : engadget