HMD Global ဟာ အခုအချိန်မှာ Nokia စမတ်ဖုန်းတွေကို အမြောက်အများမိတ်ဆက်နေသလို တဖက်မှာလည်း Android Update တွေကို ဖုန်းတွေအကုန်လုံးနီးပါးအတွက် ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 5.3 ဖုန်းအတွက် Android 11 Stable Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခုလိုမျိုး Android 11 Update ကို ရရှိလာတဲ့အချိန်ဟာ တခြားသော Nokia စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် အနည်းငယ်နောက်ကျနေပြီလို့တောင် ပြောနိုင်ပါတယ်။ လာမယ့်လပိုင်းအတွင်းမှာလည်း Android 12 Stable Update ကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Nokia 5.3 အနေနဲ့ Android 12 Update နောက်ပိုင်းမှာ ရရှိနိုင်ဖွယ်ရှိနေပါတယ်။

Android 11 Stable Update ကို ပထမဆုံးရရှိလာမယ့် နိုင်ငံတွေကတော့ Cambodia ၊ Hong Kong ၊ India ၊ Indonesia ၊ Laos ၊ Macau ၊ Malaysia ၊ Myanmar ၊ Nepal ၊ Sri Lanka ၊ Switzerland ၊ Taiwan နဲ့ Vietnam နိုင်ငံတွေမှာ အရင်ဆုံးရရှိလာမယ်လို့ သိရပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်းမှာလည်း ကျန်တဲ့နိုင်ငံတွေနဲ့ Region တွေအတွက်ပါ Update ထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Nokia 5.3 အတွက် Android 11 Stable Update ဟာ File Size အနေနဲ့ 1.67GB ရှိမှာဖြစ်ပြီး June Security Patch လည်းပါဝင်လာမှာဖြစ်ပါတယ်။ ကျန်တဲ့ Android 11 Feature တွေဖြစ်တဲ့ Chat Bubble ၊ One-time Permission ၊ Media Controls Feature အသစ်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Ref – GSM Arena