Google ကနေ Android 11 ကို တရားဝင်မိတ်မဆက်ခင်တုန်းက ဖုန်းရဲ့ နောက်ကျောဘက်ကို Double Tap ပြုလုပ်ပြီး Function အချို့ကို ခိုင်းစေနိုင်တဲ့ Feature ကို စမ်းသပ်ခဲ့ပါတယ်။ အဆိုပါ Double Tap Feature ကို Apple ကနေ iOS 13 မှာလည်း ထည့်သွင်းခဲ့ပေမယ့် Google ကတော့ Android 11 Developer Preview ကလွဲပြီး Stable Version မှာ ပြန်လည်ဖြုတ်ချသွားခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Google ဟာ အဆိုပါ ဖုန်းနောက်ကျောဘက်ကို Double Tap ပြုလုပ်ပြီး ခိုင်းစေနိုင်တဲ့ Feature ကို Android 12 မှာ ပြန်လည်ထည့်သွင်းသွားဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Feature ကိုတော့ Codename အနေနဲ့ Columbus လို့ ပေးထားတယ်ဆိုပြီး 9to5Google ကနေ ဖော်ပြခဲ့ပါတယ်။

9to5Google ရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့ Android 11 မှာ ပါဝင်ခြင်းမရှိခဲ့တာက မှားယွင်းပြီးထိမိနိုင်ခြေများတဲ့အတွက် ဖြုတ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခု Android 12 မှာ ပြန်လည်ပါဝင်လာမယ်ဆိုရင်လည်း မှားယွင်းထိမိတာမျိုးမဖြစ်ရအောင် သေချာပြန်လည်ပြင်ဆင်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ Android 11 Developer Preview တုန်းက ဖုန်းနောက်ကျောဘက်ကို Double Tap ပြုလုပ်ပြီး Screenshot ၊ Google Assistant ၊ Media Playback အပါအဝင် Feature တွေအများအပြားကို အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Android 12 မှာ အဆိုပါ Feature ပြန်လည်ပါဝင်လာမယ်ဆိုရင် Google Pixel ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Android ဖုန်းတွေပါ အသုံးပြုနိုင်ခြေရှိနေပါတယ်။

Ref – GSM Arena