[Zawgyi]

ေခါင္းစဥ္မွာ Password ႐ိုက္စရာ မလိုဘူး လို႔ေျပာထားတဲ့အတြက္ Free Wi-Fi ေတြကို ရည္ၫႊန္းေျပာဆိုထားတာ မဟုတ္သလို Password နဲ႔ Wi-Fi ေတြကိုလည္း Free အသုံးျပဳလို႔ ရၿပီလို႔ ေျပာခ်င္တာ မဟုတ္ပါဘူး။ အရင္တုန္းက Android ဗားရွင္းေတြလိုမ်ိဴး Wi-Fi အသစ္ကို ခ်ိတ္ဆက္ အသုံးျပဳေတာ့မယ္ဆိုရင္ Password ေတြကို တစ္လုံးခ်င္းစီ ႐ိုက္ႏွိပ္စရာ မလိုေတာ့တာကို ဆိုလိုခ်င္တာပါ။

Google ဟာ Android P ရဲ႕ မ်ိဴးဆက္သစ္ Operating System (OS) ျဖစ္တဲ့ Android Q (Beta) ကို သိပ္မၾကာေသးခင္ကပဲ သူတို႔ရဲ႕ Pixel စမတ္ဖုန္းေတြအတြက္ ထုတ္လႊင့္ေပးခဲ့ပါတယ္။ အဆိုပါ Android Q Developer Preview (Beta program) ကို Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3 နဲ႔ Pixel 3 XL အပါအဝင္ Pixel စမတ္ဖုန္းအားလုံး Update ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ Android Q မွာ လုံၿခဳံေရး နည္းပညာသစ္မ်ား၊ Foldable ဖုန္းေတြအတြက္ Software နည္းပညာ ျမႇင့္တင္မႈမ်ား၊ Media codes အသစ္မ်ား၊ Camera လုပ္ေဆာင္ခ်က္အသစ္မ်ားနဲ႔အတူ Wi-Fi Password Sharing စနစ္ေတြပါ ပါဝင္လာတယ္လို႔ သိရပါတယ္။

Wi-Fi Password Sharing စနစ္ဟာဆိုရင္ Password ပါဝင္တဲ့ Wi-Fi အသစ္ကို ခ်ိတ္ဆက္ဖို႔အတြက္ အခ်ိန္တိုတိုအတြင္းမွာ အလြယ္ကူဆုံး ၿပီးေျမာက္ႏိုင္တဲ့ နည္းလမ္းလို႔ ေျပာရမွာပါ။ ဥပမာ – သူငယ္ခ်င္း တစ္ေယာက္က မိမိခ်ိတ္ဆက္အသုံးျပဳေနတဲ့ Wi-Fi Password ကိုလာေမးၿပီဆိုရင္ Network & Internet setting ထဲက Wi-Fi မွာ လက္ရွိအသုံးျပဳေနတဲ့ Wi-Fi နာမည္ကို ႏွိပ္ၿပီး Share Button ကေန တစ္ဆင့္ QR Code ေလး တစ္ခု ဖန္တီးေပးလိုက္႐ုံပါပဲ။

မိမိရဲ႕ သူငယ္ခ်င္းကလည္း အဆိုပါ QR Code ေလးကို Scan ဖတ္ဖို႔အတြက္ Network & Internet setting ထဲက Wi-Fi မွာ Add Network ရဲ႕ ညာဘက္ေဘးက Icon ေလးကို ႏွိပ္ေပးလိုက္႐ုံပါပဲ။ ဟိုအရင္တုန္းကလိုမ်ိဴး Password မွတ္လိုက္ Keyboard ၾကည့္ၿပီး ႐ိုက္လိုက္ လုပ္စရာ မလိုအပ္ေတာ့အတြက္ အခ်ိန္တိုတိုအတြင္းမွာ အလြယ္ကူဆုံး ၿပီးေျမာက္ႏိုင္တဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ေနာင္အနာဂါတ္မွာလည္း Wi-Fi name – နဲ႔ Password – ဆိုတဲ့ စကားလုံးေတြေနရာမွာ Wi-Fi သေကၤတနဲ႔ QR Code အမွတ္အသားေတြကို အစားထိုး အသုံးျပဳလာႏိုင္ပါတယ္။

Ref : Android Authority

[Unicode]

Android Q မှာ Wi-Fi တွေကို Password ရိုက်စရာ မလိုဘဲ ချိတ်ဆက် အသုံးပြုနိုင်တော့မည်

ခေါင်းစဥ်မှာ Password ရိုက်စရာ မလိုဘူး လို့ပြောထားတဲ့အတွက် Free Wi-Fi တွေကို ရည်ညွှန်းပြောဆိုထားတာ မဟုတ်သလို Password နဲ့ Wi-Fi တွေကိုလည်း Free အသုံးပြုလို့ ရပြီလို့ ပြောချင်တာ မဟုတ်ပါဘူး။ အရင်တုန်းက Android ဗားရှင်းတွေလိုမျိူး Wi-Fi အသစ်ကို ချိတ်ဆက် အသုံးပြုတော့မယ်ဆိုရင် Password တွေကို တစ်လုံးချင်းစီ ရိုက်နှိပ်စရာ မလိုတော့တာကို ဆိုလိုချင်တာပါ။

Google ဟာ Android P ရဲ့ မျိူးဆက်သစ် Operating System (OS) ဖြစ်တဲ့ Android Q (Beta) ကို သိပ်မကြာသေးခင်ကပဲ သူတို့ရဲ့ Pixel စမတ်ဖုန်းတွေအတွက် ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဆိုပါ Android Q Developer Preview (Beta program) ကို Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3 နဲ့ Pixel 3 XL အပါအဝင် Pixel စမတ်ဖုန်းအားလုံး Update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Android Q မှာ လုံခြုံရေး နည်းပညာသစ်များ၊ Foldable ဖုန်းတွေအတွက် Software နည်းပညာ မြှင့်တင်မှုများ၊ Media codes အသစ်များ၊ Camera လုပ်ဆောင်ချက်အသစ်များနဲ့အတူ Wi-Fi Password Sharing စနစ်တွေပါ ပါဝင်လာတယ်လို့ သိရပါတယ်။

Wi-Fi Password Sharing စနစ်ဟာဆိုရင် Password ပါဝင်တဲ့ Wi-Fi အသစ်ကို ချိတ်ဆက်ဖို့အတွက် အချိန်တိုတိုအတွင်းမှာ အလွယ်ကူဆုံး ပြီးမြောက်နိုင်တဲ့ နည်းလမ်းလို့ ပြောရမှာပါ။ ဥပမာ – သူငယ်ချင်း တစ်ယောက်က မိမိချိတ်ဆက်အသုံးပြုနေတဲ့ Wi-Fi Password ကိုလာမေးပြီဆိုရင် Network & Internet setting ထဲက Wi-Fi မှာ လက်ရှိအသုံးပြုနေတဲ့ Wi-Fi နာမည်ကို နှိပ်ပြီး Share Button ကနေ တစ်ဆင့် QR Code လေး တစ်ခု ဖန်တီးပေးလိုက်ရုံပါပဲ။

မိမိရဲ့ သူငယ်ချင်းကလည်း အဆိုပါ QR Code လေးကို Scan ဖတ်ဖို့အတွက် Network & Internet setting ထဲက Wi-Fi မှာ Add Network ရဲ့ ညာဘက်ဘေးက Icon လေးကို နှိပ်ပေးလိုက်ရုံပါပဲ။ ဟိုအရင်တုန်းကလိုမျိူး Password မှတ်လိုက် Keyboard ကြည့်ပြီး ရိုက်လိုက် လုပ်စရာ မလိုအပ်တော့အတွက် အချိန်တိုတိုအတွင်းမှာ အလွယ်ကူဆုံး ပြီးမြောက်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နောင်အနာဂါတ်မှာလည်း Wi-Fi name – နဲ့ Password – ဆိုတဲ့ စကားလုံးတွေနေရာမှာ Wi-Fi သင်္ကေတနဲ့ QR Code အမှတ်အသားတွေကို အစားထိုး အသုံးပြုလာနိုင်ပါတယ်။

Ref : Android Authority