[Zawgyi]

အားလုံးသိတဲ့အတိုင္းပဲ Apple ဟာ တစ္သီးတစ္သန႔္နဲ႔ တစ္ခမ္းတစ္နား ရွိေနတဲ့ နည္းပညာကုမၸဏီႀကီးပါ။ သူ႔ရဲ႕ iOS App ေတြကို Android ေတြမွာ သုံးခြင့္ မေပးထားပါဘူး။ ဒါေပမယ့္ ၂၀၁၉ခုႏွစ္ေရာက္ကာနီးမွာ Apple က သူ႔ရဲ႕ စည္းမ်ဥ္းတစ္ခ်ိဳ႕ကို ေျဖေလွ်ာ့ေပးလာၿပီလို႔ဆိုရမွာပါ။ အခုဆို Apple Music App ကို Android Tablets ေတြမွာ အသုံးျပဳႏိုင္ေအာင္လို႔ ေထာက္ပံ့ေပးလိုက္ပါၿပီ။

ၿပီးခဲ့တဲ့ရက္အနည္းငယ္တုန္းက Amazon က Apple ဟာ ဒီအားလပ္ရက္ေတြအမီ Echo Smart Speaker ေတြအားလုံးမွာ Apple Music ကို အသုံးျပဳႏိုင္ဖို႔ ေထာက္ပံ့ေပးလိုက္ၿပီ လို႔ ေၾကညာခဲ့တာပါ။ Apple ဟာ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းကလည္း သူ႔ရဲ႕ Music Service ကို Android စမတ္ဖုန္းေတြဆီမွာ အသုံးျပဳႏိုင္ဖို႔ ျပဳလုပ္ခဲ့ပါေသးတယ္။ အဲဒီတုန္းကေတာ့ Beta Version ကို Play Store ေပၚတင္ခဲ့တာ ျဖစ္ပါတယ္။

ဒီလိုျပဳလုပ္လိုက္ျခင္းအားျဖင့္ Apple ဟာ ဒုတိယေျမာက္ေဈးကြက္ကို ရယူသြားႏိုင္မွာ ျဖစ္ပါတယ္။ iPhone မဝယ္ခ်င္တာေၾကာင့္၊ ဒါမွမဟုတ္ မဝယ္ႏိုင္တာေၾကာင့္ Android ပဲ အသုံးျပဳၾကတဲ့လူေတြအေနနဲ႔ Apple ရဲ႕ အဆင့္ျမင့္တဲ့ အရည္ေသြးနဲ႔ ဂီတဝန္ေဆာင္မႈကို ရယူႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။

9to5Mac ရဲ႕ ေဖာ္ျပခ်က္အရ Apple Music ေနာက္ဆုံး Update version ျဖစ္တဲ့ 2.7 ဟာ “Hambuger” Menu ကို ေ႐ႊ႕ေျပာင္းထားလိုက္ၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ Apple ဟာ သူ႔ရဲ႕ Apple Music App ကို ႀကီးမားတဲ့ Tablets ေတြနဲ႔ အဆင္ေျပေခ်ာေမြ႕စြာ သုံးႏိုင္ေအာင္လည္း စီမံထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Android Tablets အသုံးျပဳတဲ့ ဂီတခ်စ္သူေတြအေနနဲ႔ မၾကာမီေရာက္ရွိလာမယ့္ အားလပ္ရက္ေတြမွာ Apple Music Support ရယူႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

အားလုံးသိတဲ့အတိုင်းပဲ Apple ဟာ တစ်သီးတစ်သန့်နဲ့ တစ်ခမ်းတစ်နား ရှိနေတဲ့ နည်းပညာကုမ္ပဏီကြီးပါ။ သူ့ရဲ့ iOS App တွေကို Android တွေမှာ သုံးခွင့် မပေးထားပါဘူး။ ဒါပေမယ့် ၂၀၁၉ခုနှစ်ရောက်ကာနီးမှာ Apple က သူ့ရဲ့ စည်းမျဉ်းတစ်ချို့ကို ဖြေလျှော့ပေးလာပြီလို့ဆိုရမှာပါ။ အခုဆို Apple Music App ကို Android tablets တွေမှာ အသုံးပြုနိုင်အောင်လို့ ထောက်ပံ့ပေးလိုက်ပါပြီ။

ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက Amazon က Appleဟာ ဒီအားလပ်ရက်တွေအမီ Echo Smart Speaker တွေအားလုံးမှာ Apple Music ကို အသုံးပြုနိုင်ဖို့ ထောက်ပံ့ပေးလိုက်ပြီ လို့ ကြေညာခဲ့တာပါ။ Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း သူ့ရဲ့ Music Service ကို Android စမတ်ဖုန်းတွေဆီမှာ အသုံးပြုနိုင်ဖို့ ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ Beta version ကို Play Store ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် Apple ဟာ ဒုတိယမြောက်ဈေးကွက်ကို ရယူသွားနိုင်မှာ ဖြစ်ပါတယ်။ iPhone မဝယ်ချင်တာကြောင့်၊ ဒါမှမဟုတ် မဝယ်နိုင်တာကြောင့် Android ပဲ အသုံးပြုကြတဲ့လူတွေအနေနဲ့ Apple ရဲ့ အဆင့်မြင့်တဲ့ အရည်သွေးနဲ့ ဂီတဝန်ဆောင်မှုကို ရယူနိုင်ကြတော့မှာ ဖြစ်ပါတယ်။

9to5Mac ရဲ့ ဖော်ပြချက်အရ Apple Music နောက်ဆုံး Update version ဖြစ်တဲ့ 2.7 ဟာ “Hambuger” menu ကို ရွှေ့ပြောင်းထားလိုက်ပြီလို့ သိရပါတယ်။ ဒါ့အပြင် Apple ဟာ သူ့ရဲ့ Apple Music App ကို ကြီးမားတဲ့ Tablets တွေနဲ့ အဆင်ပြေချောမွေ့စွာ သုံးနိုင်အောင်လည်း စီမံထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Android Tablets အသုံးပြုတဲ့ ဂီတချစ်သူတွေအနေနဲ့ မကြာမီရောက်ရှိလာမယ့် အားလပ်ရက်တွေမှာ Apple Music Support ရယူနိုင်ကြတော့မှာ ဖြစ်ပါတယ်။

Ref: GSMarena