Google က Android TV 13 ကို ဖြန့်ချလိုက်ပြီ ဖြစ်ပေမယ့် Consumer Device တွေမှာ အသုံးပြုလို့ရဦးမှာ မဟုတ်ပါဘူး။ Android TV Update တွေကို ဖြန့်ချိတဲ့အချိန်ဟာ Android OS တွေထက် နှေးပါတယ်။ Google ရဲ့ Chromecast Device တွေမှာတောင် ဒီနှစ် အစောပိုင်းကျမှ Android TV 12 ကို ရခဲ့တာပါ။

Android TV 13 is officially out

Android TV 13 ရဲ့ UI ဟာ Android TV 12 နဲ့ အများစု တူညီပြီး User က ချိန်ညှိနိုင်တဲ့ Resolution နဲ့ Refresh Rate ထောက်ပံ့ထားပါတယ်။ OS Level မှာ စွမ်းအင်ချွေတာတဲ့ လုပ်ဆောင်ချက် ပိုကောင်းလာပြီး HDMI Signal ပြောင်းလဲသွားရင် Playback ကို ရပ်နားထားပေးပါတယ်။

Android TV 13 is officially out

Android TV 13 မှာ Keyboard Layout အသစ် ပါလာပြီး External Keyboard တွေအတွက် မတူညီတဲ့ ဘာသာစကား Layout တွေကို ရွေးချယ်နိုင်လာပါတယ်။ Keyboard နဲ့ Controller Button Mapping တွေမှာ ပြောင်းလဲမှုတချို့ရှိလာပြီး အထူးသဖြင့် Game Developer တွေက အသုံးပြုကြတာ ဖြစ်ပါတယ်။

Privacy နဲ့ Accessibility တွေ ပိုတိုးတက်လာပြီး Assistant Software က အသုံးပြုတဲ့ မိုက်ကရိုဖုန်းအတွက် User Control အသစ်တွေ ပါလာပါတယ်။

အထက်မှာ ပြောထားသလိုပဲ မကြာခင်မှာ Android TV 13 ကို သင့်ရဲ့ Consumer Device တွေမှာ မရနိုင်သေးပါဘူး။ သင်ဟာ Developer ၁ ယောက်ဆိုရင် သင့် ADT-3 Dev Kit သို့မဟုတ် Android Emulator for TV မှာ Android TV 13 ကို အသုံးပြုနိုင်ပါတယ်။

Ref : gsmarena