Samsung ဟာ ၂၀၂၀ ခုနှစ်မှာ Galaxy Note Series တွေ ထုတ်လုပ်ရောင်းချတာကို ရပ်နားခဲ့ပါတယ်။ Samsung ဟာ ၂၀၁၉ ခုနှစ်မှာ Galaxy Fold ကို အာရုံစိုက်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ Galaxy Z Flip ကို ရောင်းချခဲ့ပါတယ်။ အခုတော့ ဥရောပမှာ Galaxy Note Series ထက် Foldable ဖုန်းတွေဟာ ရောင်းအားပိုကောင်းနေပါတယ်။

Annual sales of Samsung's Galaxy Z foldables beat Galaxy Note sales in Europe - GSMArena.com news

Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 ကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ဥရောပ နိုင်ငံ ၃၈ ခုမှာ ရောင်းချပေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဲဒီဖုန်းတွေဟာ Galaxy Note Series ထက် ရောင်းအား ပိုကောင်းခဲ့ပါတယ်။

Samsung က ဒီနှစ်မှာ Foldable ၁၀ သန်းကျော် ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ Z Fold5 နဲ့ Z Flip5 လည်း ပါဝင်ပါတယ်။

Samsung Europe ရဲ့ မားကတ်တင်း အရာရှိ Benjamin Braun က “ ကျွန်တော်တို့ရဲ့ Foldable ဖုန်းတွေဟာ ရောင်းအား အလွန်မြန်ပါတယ်။ ဥရောပမှာ  နှစ်စဉ် ရောင်းချရတဲ့ အရေအတွက်ဟာ Note Series တွေထက် ပိုများပါတယ်။ “ လို့ ပြောပါတယ်။

Samsung's Galaxy Z Foldables Annual Sales Surpass Galaxy Note – channelnews

Galaxy Z Flip5 ဟာ ဥရောပမှာ လူကြိုက်ပိုများပြီး Z Fold5 ထက် ရောင်းအား ပိုကောင်းပါတယ်။ Flip ရဲ့ အရောင်တွေထဲမှာ Graphite နဲ့ Mint ကို လူကြိုက်ပိုများကြပါတယ်။ Tripod မလိုဘဲ ဓါတ်ပုံ၊ ဗီဒီယို ရိုက်တဲ့အခါ ဖရိမ်ချနိုင်တဲ့ FlexCam ကို လူတွေ ကြိုက်ကြပါတယ်။

Fold ရဲ့ Phantom Black နဲ့ Icy Blue အရောင်တွေကို လူတွေ နှစ်သက်ကြပါတယ်။ Taskbar အသစ်နဲ့ ပါးလွှာတဲ့ S Pen ဟာ ဥရောပမှာ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

Ref: gsmarena