[Zawgyi]

စမတ္ဖုန္းကုမၸဏီေတြဟာ သူ႕ထက္ငါအၿပိဳင္ ပိုေသးတဲ့ Notch ေတြကို ထည့္သြင္းလာရုံမက ပုံမွန္မဟုတ္တဲ့ ငါးမန္းေတာင္လို တစ္ဖက္ေစာင္း Pop-up ကင္မရာေတြ၊ ေရွ႕ေနာက္ကင္မရာကို လွည့္သုံးလုိ႔ရတဲ့ Rotating Camera ေတြကိုပါ ထည့္သြင္းလာၾကပါတယ္။ ဒါေပမယ့္ Vivo ကေတာ့ ဒါကို အျမဲတမ္းထိန္းထားဖို႔ အစီအစဥ္ရွိပုံမရဘဲ က်ယ္ျပန္႔တဲ့ Notch တစ္ခုနဲ႔ ဖုန္းအသစ္တစ္လုံးကို တရုတ္ဝက္ဆုိက္ TENAA ေပၚ တင္လိုက္ျပန္ပါတယ္။ ဒီဖုန္းအသစ္က Vivo V9 နဲ႔စတုိင္ခ်င္းတူေပမယ့္ အတြင္းပိုင္း Specs ကေတာ့ ကြာျခားေနတယ္။

ဖုန္းအသစ္မွာ 1.95GHz ရွိတဲ့ Octa-core CPU တစ္ခုအသုံးျပဳထားၿပီး Vivo ထုတ္လုပ္ခဲ့တဲ့ Y91, Y95 နဲ႔ Y93 တုိ႔လို ဟန္းဆက္ေတြမွာေတြ႕ခဲ့ရတဲ့ 12nm တည္ေဆာက္ပုံနဲ႔ Snapdragon 439 ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ အရင္ဖုန္းေတြနဲ႔မတူတာက RAM မန္မုိရီကို 4 / 6 GB ႏွစ္မ်ဳိးေရြးခ်ယ္ခြင့္ေပးထားတာေၾကာင့္ ေစ်းႏႈန္းေတာ့ ပိုလာႏုိင္တယ္။

ေနာက္ဘက္မွာ 13MP + 2MP ကင္မရာတစ္စုံ ပါဝင္ၿပီး ယမန္ႏွစ္ေတြက ျမင္ခဲ့ရတဲ့ Notch ေတြေလာက္ က်ယ္ျပန္႔တဲ့ Notch ထဲမွာေတာ့ 16MP ဆယ္ဖီကင္မရာ ပါဝင္တယ္။ TENAA စာရင္းအရေတာ့ ေရွ႕ဘက္ 6.26” လက္မအရြယ္ Screen ဟာ Full HD+ Resolution ရေသာ္လည္း LCD Panel ျဖစ္ပါတယ္။ Fingerprint ကိုလဲ ေနာက္မွာပဲ ထည့္သြင္းလာတယ္။

ဘကၳရီကေတာ့ 3,180 mAh ျဖစ္ၿပီး ကာလာက Champagne Gold, Rose Gold နဲ႔ Matte Black ဆုိၿပီး သုံးမ်ဳိး ထြက္လာမွာပါ။ ဒါေပမယ့္ ဟန္းဆက္ရဲ႕နာမည္၊ ေစ်းႏႈန္းနဲ႔ ထြက္ရွိမယ့္ရက္ေတြကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

စမတ်ဖုန်းကုမ္ပဏီတွေဟာ သူ့ထက်ငါအပြိုင် ပိုသေးတဲ့ Notch တွေကို ထည့်သွင်းလာရုံမက ပုံမှန်မဟုတ်တဲ့ ငါးမန်းတောင်လို တစ်ဖက်စောင်း Pop-up ကင်မရာတွေ၊ ရှေ့နောက်ကင်မရာကို လှည့်သုံးလို့ရတဲ့ Rotating Camera တွေကိုပါ ထည့်သွင်းလာကြပါတယ်။ ဒါပေမယ့် Vivo ကတော့ ဒါကို အမြဲတမ်းထိန်းထားဖို့ အစီအစဉ်ရှိပုံမရဘဲ ကျယ်ပြန့်တဲ့ Notch တစ်ခုနဲ့ ဖုန်းအသစ်တစ်လုံးကို တရုတ်ဝက်ဆိုက် TENAA ပေါ် တင်လိုက်ပြန်ပါတယ်။ ဒီဖုန်းအသစ်က Vivo V9 နဲ့စတိုင်ချင်းတူပေမယ့် အတွင်းပိုင်း Specs ကတော့ ကွာခြားနေတယ်။

ဖုန်းအသစ်မှာ 1.95GHz ရှိတဲ့ Octa-core CPU တစ်ခုအသုံးပြုထားပြီး Vivo ထုတ်လုပ်ခဲ့တဲ့ Y91, Y95 နဲ့ Y93 တို့လို ဟန်းဆက်တွေမှာတွေ့ခဲ့ရတဲ့ 12nm တည်ဆောက်ပုံနဲ့ Snapdragon 439 ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရင်ဖုန်းတွေနဲ့မတူတာက RAM မန်မိုရီကို 4 / 6 GB နှစ်မျိုးရွေးချယ်ခွင့်ပေးထားတာကြောင့် ဈေးနှုန်းတော့ ပိုလာနိုင်တယ်။

နောက်ဘက်မှာ 13MP + 2MP ကင်မရာတစ်စုံ ပါဝင်ပြီး ယမန်နှစ်တွေက မြင်ခဲ့ရတဲ့ Notch တွေလောက် ကျယ်ပြန့်တဲ့ Notch ထဲမှာတော့ 16MP ဆယ်ဖီကင်မရာ ပါဝင်တယ်။ TENAA စာရင်းအရတော့ ရှေ့ဘက် 6.26” လက်မအရွယ် Screen ဟာ Full HD+ Resolution ရသော်လည်း LCD Panel ဖြစ်ပါတယ်။ Fingerprint ကိုလဲ နောက်မှာပဲ ထည့်သွင်းလာတယ်။

ဘက္ထရီကတော့ 3,180 mAh ဖြစ်ပြီး ကာလာက Champagne Gold, Rose Gold နဲ့ Matte Black ဆိုပြီး သုံးမျိုး ထွက်လာမှာပါ။ ဒါပေမယ့် ဟန်းဆက်ရဲ့နာမည်၊ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်တွေကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena