[Zawgyi]

ေစ်းႀကီးတဲ့ စမတ္ဖုန္း ကိုင္သူမ်ားအတြက္ ဖုန္း အခုိးခံရရင္ အရမ္းကို ေၾကကြဲစရာပါ။ အဲဒီအတြက္ အနာဂတ္ စမတ္ဖုန္းမ်ားမွာ ခါးပိုက္ႏိႈက္ရန္က ကာကြယ္ေပးမယ့္ နည္းပညာကို ထည့္သြင္းေပးဖို႔ ဖန္တီးေနၾကပါတယ္။ သင့္ အိတ္ကပ္ထဲက စမတ္ဖုန္းကို လြယ္လြယ္ေလးနဲ႔ ခိုးယူလို႔ ရမွာ မဟုတ္ေတာ့ပါဘူး။

ဆြီဒင္ ကုမၸဏီ Ericsson က Patent တစ္ခုကို မွတ္ပံုတင္လိုက္ပါတယ္။ Sony Ericsson Phone ေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ ကုမၸဏီပါ။ ကုမၸဏီရဲ႕ နည္းပညာ အသစ္က ပိုင္ရွင္ရဲ႕ ႏွလံုးခုန္သံကို ခြဲျခမ္းစိတ္ျဖာနုိင္တဲ့ အတြက္ ဖုန္းကိုင္လိုက္တဲ့ သူဟာ ပိုင္ရွင္ ဟုတ္ မဟုတ္ သိနားလည္ပါတယ္။ ပိုင္ရွင္ မဟုတ္ရင္ သူက Low Friction Mode ကို ေျပာင္းလိုက္ပါတယ္။ အဲဒီ မုဒ္က ဖုန္းရဲ႕ Vibration ကို ျမန္ျမန္နဲ႔ ခပ္ၾကမ္းၾကမ္း တုန္ခါေစၿပီး ဖုန္းကို အလြယ္တကူ ႏႈိက္ယူလို႔မရေအာင္ ကာကြယ္ေပးပါတယ္။ သူ႔ရဲ႕ နည္းပညာမွာ Hi Friction Mode လည္းပါၿပီး ပိုင္ရွင္က ဖုန္းကို ကိုင္တြယ္ အသံုးျပဳတဲ့ အခါမွာ လက္ထဲကေန အလြယ္တကူ လြတ္က် မသြားေအာင္ ျပဳလုပ္ေပးႏိုင္တယ္လို႔ သိရပါတယ္။

သီအိုရီအရ Low Friction Mode ဟာ သင့္ အိတ္ကပ္ထဲက ဖုန္းကို ခါးပိုက္ႏိႈက္မယ့္ လူမ်ား အလြယ္တကူ မရယူႏုိင္ေအာင္ ကာကြယ္ေပးပါတယ္။ လူမ်ားတဲ့ ေနရာမ်ားကို သြားတဲ့ အခါမွာ ပိုမို လံုျခံဳေစပါတယ္။ ဒီနည္းပညာက အျခား နည္းမ်ားနဲ႔ သင့္ဖုန္းကို ခိုးယူသြားတာကိုေတာ့ မကာကြယ္ေပးႏုိင္ပါဘူး။ ဒါေပမယ့္ သူက အသံုး၀င္တဲ့ လုပ္ေဆာင္ခ်က္ တစ္ခု ျဖစ္ပါတယ္။

အဲဒီ Patent ကို ေဖေဖာ္၀ါရီလက မွတ္ပံုတင္ထားတာပါ။ မၾကာခင္ကမွ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒီအတြက္ စမတ္ဖုန္း ထုတ္လုပ္သူေတြဟာ သူတို႔ရဲ႕ ဖုန္းမ်ားမွာ ဒီနည္းပညာကို ထည့္သြင္းေပးဖို႔ စဥ္းစားေနတာ လအနည္းငယ္ ၾကာျမင့္ေနပါၿပီ။

Ref : techradar

[Unicode]

အနာဂတ် စမတ်ဖုန်းများမှာ ခါးပိုက်နှိုက်ရန်က ကာကွယ်ပေးမယ့် နည်းပညာပါမည်

ဈေးကြီးတဲ့ စမတ်ဖုန်း ကိုင်သူများအတွက် ဖုန်း အခိုးခံရရင် အရမ်းကို ကြေကွဲစရာပါ။ အဲဒီအတွက် အနာဂတ် စမတ်ဖုန်းများမှာ ခါးပိုက်နှိုက်ရန်က ကာကွယ်ပေးမယ့် နည်းပညာကို ထည့်သွင်းပေးဖို့ ဖန်တီးနေကြပါတယ်။ သင့် အိတ်ကပ်ထဲက စမတ်ဖုန်းကို လွယ်လွယ်လေးနဲ့ ခိုးယူလို့ ရမှာ မဟုတ်တော့ပါဘူး။

ဆွီဒင် ကုမ္ပဏီ Ericsson က Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ Sony Ericsson Phone တွေကို ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီပါ။ ကုမ္ပဏီရဲ့ နည်းပညာ အသစ်က ပိုင်ရှင်ရဲ့ နှလုံးခုန်သံကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အတွက် ဖုန်းကိုင်လိုက်တဲ့ သူဟာ ပိုင်ရှင် ဟုတ် မဟုတ် သိနားလည်ပါတယ်။ ပိုင်ရှင် မဟုတ်ရင် သူက Low Friction Mode ကို ပြောင်းလိုက်ပါတယ်။ အဲဒီ မုဒ်က ဖုန်းရဲ့ Vibration ကို မြန်မြန်နဲ့ ခပ်ကြမ်းကြမ်း တုန်ခါစေပြီး ဖုန်း ခိုးယူလို့ မရအောင် ကာကွယ်ပေးပါတယ်။ သူ့ရဲ့ နည်းပညာမှာ Hi Friction Mode လည်း ပါပြီး ပိုင်ရှင်က ဖုန်းကို ကိုင်တွယ် အသုံးပြုတဲ့ အခါမှာ လက်ထဲကနေ အလွယ်တကူ လွတ်ကျ မသွားအောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

သီအိုရီအရ Low Friction Mode ဟာ သင့် အိတ်ကပ်ထဲက ဖုန်းကို ခါးပိုက်နှိုက်မယ့် လူများ အလွယ်တကူ မရယူနိုင်အောင် ကာကွယ်ပေးပါတယ်။ လူများတဲ့ နေရာများကို သွားတဲ့ အခါမှာ ပိုမို လုံခြုံစေပါတယ်။ ဒီနည်းပညာက အခြား နည်းများနဲ့ သင့်ဖုန်းကို ခိုးယူသွားတာကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါပေမယ့် သူက အသုံးဝင်တဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။

အဲဒီ Patent ကို ဖေဖော်ဝါရီလက မှတ်ပုံတင်ထားတာပါ။ မကြာခင်ကမှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ဖုန်းများမှာ ဒီနည်းပညာကို ထည့်သွင်းပေးဖို့ စဉ်းစားနေတာ လအနည်းငယ် ကြာမြင့်နေပါပြီ။

Ref : techradar