[Zawgyi]




Ref: GSMarena

 

[Unicode]

Samsung Galaxy M2 ကို ကြည့်နေတာ တဖြည်းဖြည်းနဲ့ ပိုပြီး ကောင်းမွန်တဲ့ ပုံစံကို မြင်တွေ့လာရပါတယ်။ အခုလည်း AnTuTu မှာ တွေ့မြင်နေရတာက Galaxy M2 ဟာ 1,080 x 2,340px screen နဲ့ ဖြစ်တယ်ဆိုတာပါပဲ။ ဒီအတိုင်းဆိုရင်တော့ J-series ဖုန်းတွေထက် ပိုပြီးကောင်းတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် Galaxy M2 မှာ သုံးမယ့် Chipset ကလည်း Exyons 7885 chipset ဖြစ်မယ်လို့ သိရပါတယ်။ ဒါကလည်း J-series ဖုန်းအများစုထက် ပိုကောင်းတဲ့ အနေအထားတစ်ရပ်ဖြစ်ပါတယ်။

M2 အတွက် RAM 3GB နဲ့ 32GB storage ဆိုတာတွေကတော့ အတည်ပြုလို့ရတဲ့အတွက် သေချာသွားပါပြီ။ ဒါ့အပြင် 64GB version လည်း ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ (ဒီတစ်ခုမှာ RAM ပိုတိုးလာမယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး)။ ကျန်နေသေးတာကတော့ OS ပါ။ Samsung အနေနဲ့ အခုလက်ရှိမှာ Flagship တွေကို Pie update တွေ ပေးနေတယ်ဆိုပေမယ့် M2 ကတော့ Android 8.1 Oreo ပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။ Entry-level ဖုန်းတွေအနေနဲ့ Pie ကိုရဖို့ စောင့်ရဦးမှာပါ။

ဒီ M-Series ကိုလည်း “Entry-level” လို့ပဲ ပြောရမှာပါ။ J-series တွေကတော့ A-series တွေနဲ့ ပေါင်းထည့်လိုက်ရတော့မှာပါ။ Galaxy M2 ကို မြင်နေရတာ ခေတ်မီ Specs တွေနဲ့ ဆိုပေမယ့် Samsung ကလည်း M2 ကို Mid-range အတွက်ပဲ ပစ်မှတ်ထားပုံရပါတယ်။ ဒါဆိုရင် Samsung အနေနဲ့ Xiaomi လိုမျိုးပဲ ဖြစ်လာတော့မလားလို့ တွေးစရာ ရှိနေပါတယ်။

Ref: GSMarena