Zawgyi

Apple က ျပီးခဲ့တဲ့ iPhone 7 မိတ္ဆက္ျပီး 3.5mm Audio Jack ကို ျဖဳတ္ခဲ့ျပီးေနာက္ပိုင္းမွာ စတင္ေရာင္းခ်ခဲ့တဲ့ AirPods ေတြက လက္ရွိအခ်ိန္အထိကို ေရာင္းအားအေကာင္းဆံုး Wireless Earbuds ေတြအေနနဲ႔ ရွိေနတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ လပိုင္းတုန္းက Apple ကေန အခု AirPods ေတြကို 2nd Generation အေနနဲ႔ Upgrade ျပဳလုပ္ေပးခဲ့ျပီး အသံုးျပဳသူေတြ အျမဲတမ္းေတာင္းဆိုေနတဲ့ Wireless Charging လုိမ်ိဳး Feature ေတြကို ထည့္သြင္းေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း Counterpoint Research ကုမၸဏီရဲ႕ ေျပာၾကားခ်က္အရေတာ့ Apple က Wireless Earbuds ေစ်းကြက္မွာ ထိပ္ဆံုးေနရာကို ရယူထားႏုိင္ေသးေပမယ့္လည္း ဒီ 2nd Gen AirPods ေတြက ထင္ထားသေလာက္ေတာင္ ေရာင္းခ်ရျခင္းမရွိခဲ့ဘူးလုိ႔ သိရပါတယ္။

အခု Apple ရဲ႕ 2nd Generation AirPods ေတြဟာ ယခင္ AirPods 1st Gen မွာ ပါဝင္ခဲ့တဲ့ W1 Chip ကို Bluetooth Connectivity ပိုင္းမွာ ပိုျပီးေကာင္းမြန္တဲ့ H1 Chip နဲ႔ အစားထုိးခဲ့တာျဖစ္ပါတယ္။ အခု H1 Chip အသစ္ေၾကာင့္ AirPods 2nd Gen ေတြက ဖုန္းေျပာတဲ့အခ်ိန္မွာ ယခင္ကထက္ ၅၀ ရာခုိင္ႏႈန္းပိုေကာင္းတဲ့ Battery Life ကိုလည္း ရရွိလာျပီးေတာ့ Apple Devices အခ်င္းခ်င္းေျပာင္းလဲခ်ိတ္ဆက္တဲ့ေနရာမွာလည္း ၂ ဆပိုျပီး ျမန္ဆန္လာပါတယ္။ ဒါ့အျပင္ Always On Siri ပါဝင္လာျပီး Latency ကိုလည္း သိသိသာသာကိုေလ်ာ႔ခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း Apple အေနနဲ႔ ဒီ AirPods 2nd Generation ကို Wireless Charging နဲ႔အတူဝယ္ယူခ်င္တယ္ဆိုရင္ ပံုမွန္ Case မွာတင္ထည့္သြင္းေပးထားျခင္းမရွိတဲ့အတြက္ Wireless Charging Case ကိုပါ ေစ်းပိုေပးျပီး ဝယ္ယူရမွာျဖစ္ျပီးေတာ့ ဒါက Samsung ကေန Galaxy S10 ဖုန္းေတြနဲ႔အတူ မိတ္ဆက္ခဲ့တဲ့ Wireless Charging ပါျပီးသား Galaxy Buds နဲ႔ ယွဥ္ရင္ သိသိသာသာကို အားနည္းခ်က္ျဖစ္လာခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ ဒီႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ ပထမ (၃) လပတ္ ေရာင္းအားေတြမွာ 1st Gen AirPods ေတြက ထင္ထားတာထက္ သိသိသာသာေရာင္းအားေကာင္းခဲ့ျပီးေတာ့ 2nd Gen ေတြၾကေတာ့ ထင္ထားတာထက္ကို သိသိသာသာ ေရာင္းအားက်သြားခဲ့တာပါ။ ျဖစ္ႏုိင္တာက AirPods အသစ္ကို ေမွ်ာ္လင့္ေနတဲ့သူေတြက Water-Resistant နဲ႔ ဒီဇုိင္းေျပာင္းလဲမႈလုိမ်ိဳး Feature အသစ္ေတြကို ေမွ်ာ္လင့္ေနတဲ့အခ်ိန္မွာ Apple ကေန Upgrade လုပ္ေပးလုိက္တာက ထင္သေလာက္မဟုတ္ခဲ့ဘူးလုိ႔ ေျပာရမွာပါ။

တဖက္မွာေတာ့ Samsung ကေန အသစ္မိတ္ဆက္လုိက္တဲ့ Galaxy Buds ေတြက ထင္ထားတာထက္ေရာင္းအားေကာင္းေနခဲ့ျပီး Apple ရဲ႕ AirPods ေရာင္းအားကို မမွီေသးဘူးလုိ႔ ေျပာလုိ႔ရေပမယ့္ တျခားေသာ Wireless Earbuds ေတြကို ေက်ာ္တက္ျပီးေတာ့ ဒုတိယေနရာကို ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ အခုလုိမ်ိဳး Samsung က နာမည္ၾကီး Jabra နဲ႔ Bose လုိ Brand ေတြကို ေက်ာ္တက္ျပီး အခ်ိန္တိုအတြင္း ဒုတိယေနရာရယူႏုိင္တာက အားရစရာအခ်က္လုိ႔ေတာင္ေျပာလုိ႔ရပါတယ္။

Counterpoint Research ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု ဒီႏွစ္ ပထမ (၃) လပတ္မွာတင္ စုစုေပါင္း Unit ၁၇.၅ သန္းေရာင္းခ်ရတယ္လုိ႔ သိရတဲ့အတြက္ ေနာက္ဆံုးေတာ့ Wired Earphones ေတြအစား Wireless Earbuds ေတြက တျဖည္းျဖည္းအစားထုိးလာျပီဆုိတာကိုေတာ့ လက္ခံရမွာပါ။

Ref – Phone Arena

Unicode

Apple က ပြီးခဲ့တဲ့ iPhone 7 မိတ်ဆက်ပြီး 3.5mm Audio Jack ကို ဖြုတ်ခဲ့ပြီးနောက်ပိုင်းမှာ စတင်ရောင်းချခဲ့တဲ့ AirPods တွေက လက်ရှိအချိန်အထိကို ရောင်းအားအကောင်းဆုံး Wireless Earbuds တွေအနေနဲ့ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းက Apple ကနေ အခု AirPods တွေကို 2nd Generation အနေနဲ့ Upgrade ပြုလုပ်ပေးခဲ့ပြီး အသုံးပြုသူတွေ အမြဲတမ်းတောင်းဆိုနေတဲ့ Wireless Charging လိုမျိုး Feature တွေကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Counterpoint Research ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ Apple က Wireless Earbuds ဈေးကွက်မှာ ထိပ်ဆုံးနေရာကို ရယူထားနိုင်သေးပေမယ့်လည်း ဒီ 2nd Gen AirPods တွေက ထင်ထားသလောက်တောင် ရောင်းချရခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

အခု Apple ရဲ့ 2nd Generation AirPods တွေဟာ ယခင် AirPods 1st Gen မှာ ပါဝင်ခဲ့တဲ့ W1 Chip ကို Bluetooth Connectivity ပိုင်းမှာ ပိုပြီးကောင်းမွန်တဲ့ H1 Chip နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။ အခု H1 Chip အသစ်ကြောင့် AirPods 2nd Gen တွေက ဖုန်းပြောတဲ့အချိန်မှာ ယခင်ကထက် ၅၀ ရာခိုင်နှုန်းပိုကောင်းတဲ့ Battery Life ကိုလည်း ရရှိလာပြီးတော့ Apple Devices အချင်းချင်းပြောင်းလဲချိတ်ဆက်တဲ့နေရာမှာလည်း ၂ ဆပိုပြီး မြန်ဆန်လာပါတယ်။ ဒါ့အပြင် Always On Siri ပါဝင်လာပြီး Latency ကိုလည်း သိသိသာသာကိုလျော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple အနေနဲ့ ဒီ AirPods 2nd Generation ကို Wireless Charging နဲ့အတူဝယ်ယူချင်တယ်ဆိုရင် ပုံမှန် Case မှာတင်ထည့်သွင်းပေးထားခြင်းမရှိတဲ့အတွက် Wireless Charging Case ကိုပါ ဈေးပိုပေးပြီး ဝယ်ယူရမှာဖြစ်ပြီးတော့ ဒါက Samsung ကနေ Galaxy S10 ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Wireless Charging ပါပြီးသား Galaxy Buds နဲ့ ယှဉ်ရင် သိသိသာသာကို အားနည်းချက်ဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကြောင့် ဒီနှစ် ၂၀၁၉ ခုနှစ်ရဲ့ ပထမ (၃) လပတ် ရောင်းအားတွေမှာ 1st Gen AirPods တွေက ထင်ထားတာထက် သိသိသာသာရောင်းအားကောင်းခဲ့ပြီးတော့ 2nd Gen တွေကြတော့ ထင်ထားတာထက်ကို သိသိသာသာ ရောင်းအားကျသွားခဲ့တာပါ။ ဖြစ်နိုင်တာက AirPods အသစ်ကို မျှော်လင့်နေတဲ့သူတွေက Water-Resistant နဲ့ ဒီဇိုင်းပြောင်းလဲမှုလိုမျိုး Feature အသစ်တွေကို မျှော်လင့်နေတဲ့အချိန်မှာ Apple ကနေ Upgrade လုပ်ပေးလိုက်တာက ထင်သလောက်မဟုတ်ခဲ့ဘူးလို့ ပြောရမှာပါ။

တဖက်မှာတော့ Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Buds တွေက ထင်ထားတာထက်ရောင်းအားကောင်းနေခဲ့ပြီး Apple ရဲ့ AirPods ရောင်းအားကို မမှီသေးဘူးလို့ ပြောလို့ရပေမယ့် တခြားသော Wireless Earbuds တွေကို ကျော်တက်ပြီးတော့ ဒုတိယနေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Samsung က နာမည်ကြီး Jabra နဲ့ Bose လို Brand တွေကို ကျော်တက်ပြီး အချိန်တိုအတွင်း ဒုတိယနေရာရယူနိုင်တာက အားရစရာအချက်လို့တောင်ပြောလို့ရပါတယ်။

Counterpoint Research ရဲ့ ပြောကြားချက်အရတော့ အခု ဒီနှစ် ပထမ (၃) လပတ်မှာတင် စုစုပေါင်း Unit ၁၇.၅ သန်းရောင်းချရတယ်လို့ သိရတဲ့အတွက် နောက်ဆုံးတော့ Wired Earphones တွေအစား Wireless Earbuds တွေက တဖြည်းဖြည်းအစားထိုးလာပြီဆိုတာကိုတော့ လက်ခံရမှာပါ။

Ref – Phone Arena