Apple ဟာ iPhone ထုတ်လုပ်မှုကို တရုတ်ကနေ တခြား နိုင်ငံတွေဆီ ပြောင်းရွှေ့ဖို့ အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်တော့မယ်လို့ သတင်းထွက်လာပါတယ်။ Apple က တခြားနိုင်ငံတွေအဖြစ် အာရှ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ ဗီယက်နမ်ကို ရွေးချယ်ထားပါတယ်။

Apple reveals iPhone 14 Pro and Watch Ultra - BBC News

တရုတ်ဟာ Apple ရဲ့ အဓိက ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကုမ္ပဏီဟာ တရုတ်ကို မှီခိုနေရတာများလာတယ်လို့ စဉ်းစားလာကြပါတယ်။ အဲဒီအတွက် Apple ဟာ တခြား နိုင်ငံတွေမှာ ထုတ်လုပ်မှုကို ပြောင်းရွှေ့ဖို့ ကြံစည်နေတာ ကြာပြီ ဖြစ်ပါတယ်။

Identify your iPhone model - Apple Support

Apple ဟာ တရုတ်က Foxconn Technology Group ကုမ္ပဏီတွေအပေါ် မှီခိုနေရတာကို လျှော့ချဖို့ စီစဉ်ထားပါတယ်။ တရုတ် အစိုးရရဲ့ Zero-Covid မူဝါဒကြောင့် Lockdown ချတာတွေ၊ iPhone Pro မော်ဒယ်တွေကို အဓိက ထုတ်လုပ်ပေးနေတဲ့ Foxconn ရဲ့ Zhengzhou စက်ရုံမှာ အဓိကရုဏ်းတွေ ဖြစ်နေတာကြောင့် Apple ဟာ တခြား နိုင်ငံတွေမှာ ထုတ်လုပ်မယ့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်တော့မှာပါ။

လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ အိန္ဒိယမှာ iPhone ၄၀ ကနေ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဗီယက်နမ်မှာ AirPods, Apple Watch နဲ့ MacBook တွေကို ထုတ်လုပ်မှာပါ။

Ref : gizmochina