[Zawgyi]

Apple ဟာ သူတို႔ရဲ႕ Mobile Devices ေတြအတြက္ ကိုယ္ပိုင္ Processors ေတြ ထုတ္လုပ္ၿပီး အသုံးျပဳေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြန္ရက္ခ်ိန္ဆက္မႈအတြက္ အဓိကလိုအပ္ခ်က္ျဖစ္တဲ့ Modems ေတြကိုေတာ့ Intel နဲ႔ Qualcomm တို႔ဆီက မွာယူ အသုံးျပဳေနရတာပါ။ Apple နဲ႔ Qualcomm တို႔ မူပိုင္ခြင့္ကိစၥေတြနဲ႔ ပတ္သက္ၿပီး ျပႆနာျဖစ္တဲ့အခါမွာေတာ့ Intel ဟာ Apple အတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာ ျဖစ္လာပါတယ္။

ဒါေပမယ့္ Apple နဲ႔ Intel တို႔ ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပါဘူး။ မူပိုင္ခြင့္ကိစၥမွာ Apple အေရးနိမ့္ခဲ့ၿပီး နစ္နာေၾကး ေပးခဲ့ရသလို Qualcomm ရဲ႕ Modems ေတြကိုလည္း အခ်ိန္အတိုင္းအတာတစ္ခုအထိ ဆက္လက္အသုံးျပဳေနရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Intel အေနနဲ႔ 5G Modem ထုတ္လုပ္မႈလုပ္ငန္းကို ရပ္နားဖို႔ ျဖစ္လာရပါေတာ့တယ္။

ဒီေန႔မွာေတာ့ Apple ဟာ Intel ရဲ႕ Modem လုပ္ငန္းစုႀကီး တစ္ခုလုံးကို ကန္ေဒၚလာ ၁ ဘီလီယံနဲ႔ ဝယ္ယူေတာ့မွာျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာလာပါတယ္။ ဒါ့ေၾကာင့္ Apple အေနနဲ႔ Qualcomm အေပၚ မွီခိုရတာ ေလ်ာ့နည္းလာေအာင္ ၂၀၁၉ခုႏွစ္ ေႏွာင္းပိုင္းကစၿပီး 5G Modem ထုတ္လုပ္မႈလုပ္ငန္းကို စတင္ႏိုင္ပါတယ္။

လက္ရွိ Apple ရဲ႕ ေနာက္ဆုံးထြက္ စမတ္ဖုန္းေတြျဖစ္တဲ့ iPhone XR, XS, XS Max တို႔ဟာ Intel ရဲ႕ Modem ေတြကို အသုံံးျပဳထားတာ ျဖစ္ပါတယ္။ Apple အေနနဲ႔ Qualcomm ရဲ႕ Modem ေတြကို အသုံးျပဳခဲ့ခ်င္ေပမယ့္ Qualcomm က ေရာင္းခ်ဖို႔ ျငင္းဆိုခဲ့တာေၾကာင့္ Intel ရဲ႕ Modem ေတြကိုပဲ အသုံးျပဳထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

Ref : Android Police

[Unicode]

Intel ရဲ့ Modem လုပ်ငန်းစုကြီးကို ကန်ဒေါ်လာ ၁ဘီလီယံနဲ့ Apple ဝယ်ယူ

Apple ဟာ သူတို့ရဲ့ Mobile Devices တွေအတွက် ကိုယ်ပိုင် Processors တွေ ထုတ်လုပ်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ရက်ချိန်ဆက်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ Modems တွေကိုတော့ Intel နဲ့ Qualcomm တို့ဆီက မှာယူ အသုံးပြုနေရတာပါ။ Apple နဲ့ Qualcomm တို့ မူပိုင်ခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်တဲ့အခါမှာတော့ Intel ဟာ Apple အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာပါတယ်။

ဒါပေမယ့် Apple နဲ့ Intel တို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ မူပိုင်ခွင့်ကိစ္စမှာ Apple အရေးနိမ့်ခဲ့ပြီး နစ်နာကြေး ပေးခဲ့ရသလို Qualcomm ရဲ့ Modems တွေကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်အသုံးပြုနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Intel အနေနဲ့ 5G Modem ထုတ်လုပ်မှုလုပ်ငန်းကို ရပ်နားဖို့ ဖြစ်လာရပါတော့တယ်။

ဒီနေ့မှာတော့ Apple ဟာ Intel ရဲ့ Modem လုပ်ငန်းစုကြီး တစ်ခုလုံးကို ကန်ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်ယူတော့မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ Qualcomm အပေါ် မှီခိုရတာ လျော့နည်းလာအောင် ၂၀၁၉ခုနှစ် နှောင်းပိုင်းကစပြီး 5G Modem ထုတ်လုပ်မှုလုပ်ငန်းကို စတင်နိုင်ပါတယ်။

 

လက်ရှိ Apple ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေဖြစ်တဲ့ iPhone XR, XS, XS Max တို့ဟာ Intel ရဲ့ Modem တွေကို အသုံံးပြုထားတာ ဖြစ်ပါတယ်။ Apple အနေနဲ့ Qualcomm ရဲ့ Modem တွေကို အသုံးပြုခဲ့ချင်ပေမယ့် Qualcomm က ရောင်းချဖို့ ငြင်းဆိုခဲ့တာကြောင့် Intel ရဲ့ Modem တွေကိုပဲ အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Android Police