Apple ကနေ ကိုယ်ပိုင် AI Voice Assistant ဖြစ်တဲ့ Siri ကို အခုထက်ပိုပြီးတိုးတက်လာစေဖို့အတွက် နောက်ပိုင်းမှာ ဆက်တိုက်ကိုပြုလုပ်နေတာဖြစ်ပါတယ်။ အခုလည်း လူတွေနဲ့ စကားပြောဆိုတဲ့အချိန်မှာ ပိုပြီး စွမ်းဆောင်နိုင်ဖို့အတွက် Voysis အမည်ရှိတဲ့ AI Startup ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်ပြန်ပါပြီ။

အဆိုပါ Voysis ကုမ္ပဏီဟာ Digital Voice Assistant တွေကို လူတွေပုံမှန်ပြောဆိုနေတဲ့အသံကို ပိုပြီးနားလည်လွယ်အောင် ဆောင်ရွက်ပေးတဲ့ Platform တစ်ခုလည်းဖြစ်ပါတယ်။ ယခင်တုန်းက Online Shopping Application တွေမှာရှိတဲ့ Voice Assistant ကို တိုးတက်အောင်ပြုလုပ်နိုင်ခဲ့သလို အခုဆိုရင်လည်း အသုံးပြုသူတွေရဲ့ တောင်းဆိုမှုတွေကို ပိုပြီး နားလည်လာနိုင်ပြီဖြစ်ပါတယ်။

Apple ကနေ အခုလိုမျိုး Voysis ကို ဝယ်ယူလိုက်ပြီဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ Website ကိုလည်း ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ဖြစ်နိုင်တာကတော့ Apple အတွက်ပဲ AI ပိုင်းဆိုင်ရာ User Experience ကို ယခုထက် ပိုကောင်းအောင် ဆောင်ရွက်သွားဖွယ်ရှိနေပါတယ်။ Voysis ကြောင့် နောက်ပိုင်းမှာ Siri ကနေတစ်ဆင့် စျေးဝယ်ထွက်နိုင်အောင်အထိ Apple အနေနဲ့ ကြိုးပမ်းနေတယ်လို့ လည်း သတင်းတွေထွက်ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း Apple ကနေ Siri ကိုပိုတိုးတက်လာဖို့အတွက် AI Startup ကုမ္ပဏီတွေဖြစ်တဲ့ Xnor.ai ၊ Turi ၊ VocallQ ၊ Percceptio ၊ Emotient နဲ့ တခြားသော ကုမ္ပဏီအများအပြားကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ Google Assistant နဲ့ ယှဥ်မယ်ဆိုရင် အားနည်းချက်တွေရှိနေတာကလည်း အမှန်ပဲဖြစ်ပါတယ်။

Ref – GizChina