Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက AirPods Pro 2nd Generation အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် AirPods Pro 2nd Gen ဟာ စျေးနှုန်းအနေနဲ့ $249 နဲ့ရောင်းချနေတာကြောင့် တခြားသော Wireless Earbuds တွေနဲ့ ယှဥ်မယ်ဆိုရင် စျေးကြီးနေတယ်လို့ ပြောနိုင်ပါတယ်။

ဒါကြောင့် Apple ကနေ စျေးနှုန်းသက်သာတဲ့ AirPods အမျိုးအစားအသစ်ကို မိတ်ဆက်ဖို့စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။ အဆိုပါ AirPods အသစ်ကို Airpods Lite လို့ နာမည်ပေးထားပြီး လက်ရှိ AirPods 3 ရောင်းအားကျဆင်းနေတာကြောင့် ပိုစျေးသက်သာတဲ့ AirPods ကို မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ အဆိုပါ AirPods Lite နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိရခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်ခြေများတာကတော့ AirPods Pro မှာပါဝင်တဲ့ Active Noise Cancellation ၊ Wireless Charging လိုမျိုး Feature တွေပါဝင်မှာမဟုတ်ဘဲ ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ AirPods 3 နဲ့ဆင်တူဖွယ်ရှိနေပါတယ်။

လက်ရှိသတင်းတွေအရ Apple ဟာ အဆိုပါ AirPods Lite ကို $99 (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ရောင်းချဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဆိုပါစျေးနှုန်းဟာ Apple AirPods အနေနဲ့ သက်သာတယ်ဆိုပေမယ့် တခြားသော တရုတ်နိုင်ငံထုတ် Wireless Earbuds တွေနဲ့ နှိုင်းယှဥ်ရင် စျေးကြီးနေပါသေးတယ်။

Ref – Gizmo China