Apple က AirPods 3 ကို အောက်တိုဘာလက ကြေညာခဲ့ပြီးနောက်မှာ စွမ်းရည်မြင့် AirPods အသစ်ကို ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ချပြနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Apple AirPods Pro 2 Leak

ဒီသတင်းစထွက်လာတာ အခုမှ မဟုတ်ပါဘူး။ မေလတုန်းကလည်း Mike Gurman နဲ့ Bloomberg ရဲ့ Debby Wu က တိုးတက်မှုများစွာ ပါလာမယ့် AirPods Pro 2 ကို ၂၀၂၂ ခုနှစ် ကွာတား ၃ မှာ မိတ်ဆက်နိုင်တယ်လို့ သတင်းပေးခဲ့ပါတယ်။ Mark Gurman နဲ့ နာမည်ကျော် Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ၂၀၂၂ ခုနှစ်မှာ ကြေညာနိုင်တယ်လို့ ပြောခဲ့ပေမယ့် နေ့ရက် အတိအကျကို မပြောခဲ့ပါဘူး။

မကြာခင်ကပဲ FronTron က Apple ဟာ AirPods Pro 2 ကို ၂၀၂၂ ခုနှစ် ကွာတား ၃ မှာ ဖြန့်ချိမှာ ဖြစ်ပြီး ဒီသတင်းဟာ Supply Chain ကနေ ထွက်လာတာလို့ ပြောခဲ့ပါတယ်။ ဇူလိုင်လမှာတုန်းကတော့ သူက ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်း ကြေညာနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။ FronTron ဟာ Apple ထုတ်ကုန် အသစ်တွေအကြောင်း သတင်းပေးရာမှာ တိကျမှု သိပ်မရှိတဲ့အတွက် အခုသတင်းဟာ သိပ်တော့ မသေချာသေးပါဘူး။

AirPods Pro 2 ရဲ့ အသံ စွမ်းဆောင်ရည်ဟာ လက်ရှိ မျိုးဆက်နဲ့  တူညီမှာ ဖြစ်ပေမယ့် Noise Cancellation နဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီဇိုင်းက ပိုမို လုံးဝိုင်းလာပြီး Stem အရှည်ကို လျှော့ချထားနိုင်ပါတယ်။ Case ဟာ ပိုမို ပေါ့ပါးလာပြီး Pods မှာ Ambient Light Sensor နဲ့ ရေစိုခံနှုန်း ပါလာနိုင်ပါတယ်။

AirPods Pro 2 မှာ Apple H1 Chipset မောင်းနှင်ထားနိုင်ပြီး အဲဒီ Chipset ကို လက်ရှိ AirPods Pro အပါအဝင် AirPods Series အများစုမှာ ထည့်သွင်းထားတာပါ။

Ref : gizmochina