Apple ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Over-ear နားကြပ် ဖြစ်တဲ့ AirPods Studio ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဒါ့ကြောင့် Apple နဲ့ Beats ထုတ်ကုန်တွေကို အဓိကရောင်းဖို့အတွက် Apple ဟာ စတိုးတွေကနေ Bose , Logitech နဲ့ Sonos တို့ရဲ့ ထုတ်ကုန်တွေ ရောင်းတာကို ရပ်နားလိုက်ပါတယ်။

မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး သားရေ၊ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ပရီမီယမ် မော်ဒယ်ကို ဒေါ်လာ ၆၀၀ နဲ့ ရောင်းနိုင်တဲ့အတွက် ၇ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ နောက် ၁ မျိုးက ဈေးပိုသက်သာပြီး ၃၅၀ ဒေါ်လာလောက်ပဲ ရှိနိုင်ပါတယ်။ မြန်မာငွေ ၄ သိန်းခွဲလောက် တန်ကြေးရှိနိုင်ပြီး နားအဖုံးကို ချည်သားနဲ့ ဖုံးအုပ်ထားမှာပါ။

Apple AirPods Studio မှာ Headphone Jack မပါဘဲ USB-C Port သုံးထားမှာပါ။ Active Noise Cancellation စနစ်လည်း ထောက်ပံ့ပေးထားမှာပါ။

အောက်တိုဘာလ ၁၃ ရက်နေ့ ကျင်းပမယ့် Apple ထုတ်ကုန် မိတ်ဆက်ပွဲမှာ Studio အပြင် သတင်းများစွာ ထွက်နေတဲ့ AirTags လည်း မပါလာနိုင်ပါဘူး။ Apple အရေး လေ့လာဆန်းစစ်တဲ့ Jon Prosser က အဲဒီ ထုတ်ကုန်တွေကို ၂၀၂၁ ခုနှစ် မတ်လကျမှ ကြေညာနိုင်တယ်လို့ သတင်းပေးထားပါတယ်။ AirTags ကို Apple စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ ကပ်ထားနိုင်မှာ ဖြစ်ပြီး ပစ္စည်းပျောက်ရင် ရှာဖွေနိုင်မှာပါ။

Ref : gsmarena