[Zawgyi]

Apple ရဲ႕ AirPods နားၾကပ္ေတြဟာ အ႐ြယ္အစားအားျဖင့္ ေသးငယ္သလို ဝါယာႀကိဳးလည္း ပါဝင္မႈမရွိတာေၾကာင့္ တခ်ိဴ႕ေသာလူေတြအတြက္ ေပ်ာက္ဆုံးလြယ္တဲ့ပစၥည္းတစ္ခုလို ျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္ ဗာဂ်ီးနီးယားျပည္နယ္ရွိ အသက္ ၂၂ႏွစ္အ႐ြယ္ အမ်ိဴးသမီးငယ္တစ္ဦးက AirPods နားၾကပ္ေတြကို အလြယ္တကူ က်ေပ်ာက္ေစျခင္းမွ ကာကြယ္ဖို႔အတြက္ နည္းလမ္းသစ္ တစ္မ်ိဴးကို တီထြင္လိုက္ပါတယ္။

Reilly ရဲ႕ နည္းလမ္းက AirPods နားၾကပ္ေတြကို နားဆြဲနဲ႔အတူ ေပါင္းစပ္ခ်ည္ေႏွာင္လိုက္တာ ျဖစ္ပါတယ္။ အဆိုပါနားဆြဲကိုေတာ့ သူမက Airings လို႔ နာမည္ေပးထားပါတယ္။ Reilly ဟာ Airings နားဆြဲ ပန္ဆင္ထားတဲ့ ဗီဒီယိုကို တြစ္တာမွာ တင္ခဲ့တာျဖစ္ၿပီး အဆိုပါ ဗီဒီယိုကို လူေပါင္း သန္းနဲ႔ခ်ီၿပီး လာေရာက္ၾကည့္ရႈ႕တဲ့အထိ စိတ္ပါဝင္စားသူ အမ်ားအျပားရွိခဲ့ပါတယ္။

Reilly ဟာ AirPods နားဆြဲသာမက AirPods လည္ဆြဲေတြကိုပါ တီထြင္ထားတာပါ။ ယခုအခါမွာေတာ့ Reilly ရဲ႕ ဆန္းသစ္တီထြင္မႈေတြကို လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနတာေၾကာင့္ သူမအေနနဲ႔ အဆိုပါပစၥည္းေတြကို AirPods ပိုင္ရွင္တိုင္း အသုံးျပဳႏိုင္ေအာင္ ဝက္ဆိုက္တစ္ခုေထာင္ၿပီး အြန္လိုင္းကေန တစ္ဆင့္ ေရာင္းခ်ေနပါတယ္။

Airings တစ္စုံကို ကန္ေဒၚလာ ၂၀ (ျမန္မာေငြ ၃၀၀၀၀ ဝန္းက်င္) နဲ႔ေရာင္းခ်ေနတာ ျဖစ္ၿပီး နားဆြဲဒီဇိုင္းအမ်ိဴးမ်ိဴးကိုပါ စိတ္ႀကိဳက္ေ႐ြးခ်ယ္မွာယူႏိုင္တယ္လို႔ သိရပါတယ္။

Ref : Mashable

[Unicode]

Apple AirPods နားကြပ်ကို နားဆွဲအဖြစ် ဖန်တီးပြီး ပန်ဆင်လိုက်တဲ့ မိန်းကလေး

Apple ရဲ့ AirPods နားကြပ်တွေဟာ အရွယ်အစားအားဖြင့် သေးငယ်သလို ဝါယာကြိုးလည်း ပါဝင်မှုမရှိတာကြောင့် တချိူ့သောလူတွေအတွက် ပျောက်ဆုံးလွယ်တဲ့ပစ္စည်းတစ်ခုလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဗာဂျီးနီးယားပြည်နယ်ရှိ အသက် ၂၂နှစ်အရွယ် အမျိူးသမီးငယ်တစ်ဦးက AirPods နားကြပ်တွေကို အလွယ်တကူ ကျပျောက်စေခြင်းမှ ကာကွယ်ဖို့အတွက် နည်းလမ်းသစ် တစ်မျိူးကို တီထွင်လိုက်ပါတယ်။

 

Reilly ရဲ့ နည်းလမ်းက AirPods နားကြပ်တွေကို နားဆွဲနဲ့အတူ ပေါင်းစပ်ချည်နှောင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါနားဆွဲကိုတော့ သူမက Airings လို့ နာမည်ပေးထားပါတယ်။ Reilly ဟာ Airings နားဆွဲ ပန်ဆင်ထားတဲ့ ဗီဒီယိုကို တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး အဆိုပါ ဗီဒီယိုကို လူပေါင်း သန်းနဲ့ချီပြီး လာရောက်ကြည့်ရှု့တဲ့အထိ စိတ်ပါဝင်စားသူ အများအပြားရှိခဲ့ပါတယ်။

Reilly ဟာ AirPods နားဆွဲသာမက AirPods လည်ဆွဲတွေကိုပါ တီထွင်ထားတာပါ။ ယခုအခါမှာတော့ Reilly ရဲ့ ဆန်းသစ်တီထွင်မှုတွေကို လူတော်တော်များများက စိတ်ဝင်စားနေတာကြောင့် သူမအနေနဲ့ အဆိုပါပစ္စည်းတွေကို AirPods ပိုင်ရှင်တိုင်း အသုံးပြုနိုင်အောင် ဝက်ဆိုက်တစ်ခုထောင်ပြီး အွန်လိုင်းကနေ တစ်ဆင့် ရောင်းချနေပါတယ်။

Airings တစ်စုံကို ကန်ဒေါ်လာ ၂၀ (မြန်မာငွေ ၃၀၀၀၀ ဝန်းကျင်) နဲ့ရောင်းချနေတာ ဖြစ်ပြီး နားဆွဲဒီဇိုင်းအမျိူးမျိူးကိုပါ စိတ်ကြိုက်ရွေးချယ်မှာယူနိုင်တယ်လို့ သိရပါတယ်။

Ref : Mashable