Apple AirTag ဟာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါတယ်။ AirTag က ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကို ရှာဖွေပေးနိုင်သလို လူတွေကို လိုက်လံချောင်းမြောင်းဖို့လည်း သုံးနိုင်ပါတယ်။ အခုတော့ AirTag ရဲ့ ကောင်းကျိုး သတင်း ၁ ခုကို ပြောပြချင်ပါတယ်။ AirTag က ခရီးဆောင်အိတ်နဲ့ တန်ဖိုးကြီးပစ္စည်း ခိုးယူတဲ့ အသက် ၁၉ နှစ် အရွယ် လေဆိပ်ဝန်ထမ်းကို ဖမ်းမိဖို့ ရဲတွေကို ကူညီပေးခဲ့ပါတယ်။

Apple AirTag

Okaloosa County Sheriff’s Office (OCSO) က ခရီးဆောင်အိတ် ၂ လုံးကို ခိုးယူတဲ့ Giovanni De Luca ကို ဖမ်းဆီးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ သူဟာ Destin-Fort Walton Beach လေဆိပ်မှာ အလုပ်လုပ်သူ ဖြစ်ပြီး ဒေါ်လာ ၁,၆၀၀ တန်ကြေးရှိ ပစ္စည်းတွေပါတဲ့ ခရီးဆောင်အိတ် ၁ လုံးကို ခိုးယူခဲ့ပါတယ်။ ကံကောင်းတာက အဲဒီ အိတ်မှာ AirTag တပ်ဆင်ထားပြီး ခိုးယူသူကို ခြေရာခံနိုင်ခဲ့ပါတယ်။ Luca ဟာ ဒေါ်လာ ၁၅,၀၀၀ တန်ကြေးရှိ ပစ္စည်းတွေပါတဲ့ နောက်ထပ် ခရီးဆောင်အိတ် ၁ လုံးကိုလည်း ခိုးယူခဲ့ပါတယ်။

Woman says someone tracked and followed her using Apple AirTag in Philadelphia - 6abc Philadelphia

ရဲတွေက Luca ရဲ့ တည်နေရာကို ခြေရာခံခဲ့ပြီး Kathy Court ဧရိယာမှာ နေထိုင်တဲ့ သူ့အိမ်ကို သွားခဲ့ပါတယ်။ ရဲတွေက ဒုတိယမြောက် ခိုးယူတဲ့ ခရီးဆောင်အိတ်က တန်ဖိုးကြီး ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ တရားခံက သူ ခိုးယူခဲ့တာကိုလည်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ပထမ ခိုးယူတဲ့ ခရီးဆောင်အိတ်က ပစ္စည်းတွေကိုတော့ မတွေ့ရသေးပါဘူး။

တရားခံဟာ Apple AirTag ကို မသိသလို AirTag ရဲ့ လုပ်ဆောင်ချက်ကိုလည်း မသိပါဘူး။ အခုတော့ Apple AirTag ကြောင့် သူဟာ အဖမ်းခံလိုက်ရပါပြီ။

Ref : gizmochina