[Zawgyi]

Apple ဟာ သူ႔ရဲ႕ထုတ္ကုန္ေတြနဲ႔ပတ္သက္လာရင္ ႀကီးႀကီးက်ယ္က်ယ္နဲ႕ တစ္သီးတစ္သန႔္ရွိတယ္ဆိုတာ ေျပာဖို႔မလိုဘူး ထင္ပါတယ္။ ဘက္ထရီကိစၥတုန္းကလည္း Apple ရဲ႕ ဘက္ထရီအစစ္အမွန္ျဖစ္တာေတာင္မွ အျပင္ဆိုင္မွာ ျပင္လို႔ထည့္လို႔မရဘဲ တရားဝင္ ဆားဗစ္စင္တာမွာပဲ ျပင္ခြင့္၊ ထည့္ခြင့္ျပဳခဲ့တာပါ။

အခုေတာ့ Apple ဆီကေန မေမွ်ာ္လင့္တဲ့ သတင္းတစ္ခု ထြက္ေပၚလာပါတယ္။ အဲဒါကေတာ့ အာမခံကာလ ကုန္ဆုံးေနတဲ့ iPhone ေတြကို Independent repair shop ေတြမွာ ျပဳျပင္ခြင့္ေပးလိုက္တာပဲ ျဖစ္ပါတယ္။ Independent Repair Provider Program သစ္ဟာ အေသးစား ျပဳျပင္မႈလုပ္ငန္းေတြအေနနဲ႔ Apple-genuine အစိတ္အပိုင္းေတြ အသုံးျပဳခ်င္တယ္ဆိုရင္ ကိရိယာတန္ဆာပလာေတြ ေထာက္ပံ့ေပးတဲ့အျပင္ သင္တန္းလည္း စီစဥ္ေပးတယ္လို႔ သိရပါတယ္။

အခုလက္ရွိအခ်ိန္မွာေတာ့ ဒီအစီအစဥ္ဟာ ေျမာက္အေမရိက တစ္ေနရာတည္းမွာဘဲ ရရွိဦးမွာျဖစ္ေပမယ့္ အနာဂတ္ကာလမွာေတာ့ ဥေရာပနဲ႔ အာရွရဲ႕ ေနရာေဒသအခ်ိဳ႕မွာပါ ရရွိလာလိမ့္မယ္လို႔ သိရပါတယ္။ ေျမာက္အေမရိက၊ ဥေရာပနဲ႔ အာရွ ေဒသအားလုံးေပါင္းမွ ဒီလိုျပဳျပင္ခြင့္ရတဲ့ဆိုင္ေပါင္း ၂၀ ပဲ ရွိဦးမယ္လို႔ ဆိုတာေၾကာင့္ အေရအတြက္အားျဖင့္ အေတာ္ေလးကို နည္းေသးတယ္လို႔ ဆိုရမွာပါ။

အာမခံသက္တမ္းကုန္သြားတဲ့ဖုန္းေတြကို ျပင္လို႔ရတယ္ဆိုေပမယ့္ ကန႔္သတ္ခ်က္ေတြလည္းရွိေနပါတယ္။ မ်ားေသာအားျဖင့္ အေရွ႕ဘက္မွန္ကြဲတာ၊ ဒါမွမဟုတ္ ေက်ာဘက္ ဖန္သားကြဲတာမ်ိဳး၊ ကင္မရာမွန္ဘီလူးကြဲေၾကသြားတာေတြကို အစားထိုးျပဳျပင္တာမ်ိဳးလို႔ပဲ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသုံးျပဳသူေတြအေနနဲ႔ တရားဝင္ဆားဗစ္စင္တာမွာပဲျဖစ္ျဖစ္၊ အျပင္ဆိုင္မွာပဲျဖစ္ျဖစ္ ႀကိဳက္ႏွစ္သစ္ရာကို ေ႐ြးခ်ယ္ၿပီးျပဳျပင္ႏိုင္မွာ ျဖစ္ပါတယ္။ Apple ကေတာ့ Genuine Parts ေတြကို ေဈးႏႈန္းအတူတူနဲ႔ပဲ ေရာင္းခ်သြားမယ္လို႔ဆိုတာေၾကာင့္ လက္ခပိုင္းမွာပဲ ကြာျခားသြားမယ္လို႔ေတာ့ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

အာမခံသက်တမ်း ကုန်ဆုံးနေတဲ့ iPhone တွေကို အပြင်ဆိုင်မှာ ပြုပြင်ခွင့်ပေးလိုက်တဲ့ Apple

Apple ဟာ သူ့ရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်လာရင် ကြီးကြီးကျယ်ကျယ်နဲ့ တစ်သီးတစ်သန့်ရှိတယ်ဆိုတာ ပြောဖို့မလိုဘူး ထင်ပါတယ်။ ဘက်ထရီကိစ္စတုန်းကလည်း Apple ရဲ့ ဘက်ထရီအစစ်အမှန်ဖြစ်တာတောင်မှ အပြင်ဆိုင်မှာ ပြင်လို့ထည့်လို့မရဘဲ တရားဝင် ဆားဗစ်စင်တာမှာပဲ ပြင်ခွင့်၊ ထည့်ခွင့်ပြုခဲ့တာပါ။

အခုတော့ Apple ဆီကနေ မမျှော်လင့်တဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အာမခံကာလ ကုန်ဆုံးနေတဲ့ iPhone တွေကို Independent repair shop တွေမှာ ပြုပြင်ခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ Independent Repair Provider Program သစ်ဟာ အသေးစား ပြုပြင်မှုလုပ်ငန်းတွေအနေနဲ့ Apple-genuine အစိတ်အပိုင်းတွေ အသုံးပြုချင်တယ်ဆိုရင် ကိရိယာတန်ဆာပလာတွေ ထောက်ပံ့ပေးတဲ့အပြင် သင်တန်းလည်း စီစဉ်ပေးတယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဒီအစီအစဉ်ဟာ မြောက်အမေရိက တစ်နေရာတည်းမှာဘဲ ရရှိဦးမှာဖြစ်ပေမယ့် အနာဂတ်ကာလမှာတော့ ဥရောပနဲ့ အာရှရဲ့ နေရာဒေသအချို့မှာပါ ရရှိလာလိမ့်မယ်လို့ သိရပါတယ်။ မြောက်အမေရိက၊ ဥရောပနဲ့ အာရှ ဒေသအားလုံးပေါင်းမှ ဒီလိုပြုပြင်ခွင့်ရတဲ့ဆိုင်ပေါင်း ၂၀ ပဲ ရှိဦးမယ်လို့ ဆိုတာကြောင့် အရေအတွက်အားဖြင့် အတော်လေးကို နည်းသေးတယ်လို့ ဆိုရမှာပါ။

အာမခံသက်တမ်းကုန်သွားတဲ့ဖုန်းတွေကို ပြင်လို့ရတယ်ဆိုပေမယ့် ကန့်သတ်ချက်တွေလည်းရှိနေပါတယ်။ များသောအားဖြင့် အရှေ့ဘက်မှန်ကွဲတာ၊ ဒါမှမဟုတ် ကျောဘက် ဖန်သားကွဲတာမျိုး၊ ကင်မရာမှန်ဘီလူးကွဲကြေသွားတာတွေကို အစားထိုးပြုပြင်တာမျိုးလို့ပဲ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုသူတွေအနေနဲ့ တရားဝင်ဆားဗစ်စင်တာမှာပဲဖြစ်ဖြစ်၊ အပြင်ဆိုင်မှာပဲဖြစ်ဖြစ် ကြိုက်နှစ်သစ်ရာကို ရွေးချယ်ပြီးပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ Apple ကတော့ Genuine Parts တွေကို ဈေးနှုန်းအတူတူနဲ့ပဲ ရောင်းချသွားမယ်လို့ဆိုတာကြောင့် လက်ခပိုင်းမှာပဲ ကွာခြားသွားမယ်လို့တော့ ယူဆရပါတယ်။

Ref: GSM Arena