[Zawgyi]

Apple က Noise Cancellaiton နည္းပညာပါတဲ့ AirPods Pro ကို ေၾကညာလိုက္ပါတယ္။ အလန္းစား Earbuds ျဖစ္ၿပီး ဒီလ ၃၀ ရက္ေန႔မွာ ၂၄၉ ေဒၚလာနဲ႔ ေရာင္းမွာပါ။ ျမန္မာေငြ ၃၈၀,၀၀၀ ေလာက္ရွိၿပီး အျဖဴေရာင္ ၁ မ်ိဳးသာ ထုတ္လုပ္ထားပါတယ္။ ပတ္၀န္းက်င္က အသံေတြကို အာရံုခံႏုိင္တဲ့ မိုက္ကရိုဖုန္းေတြ ထည့္ထားၿပီး ဆူညံသံေတြကို ဖယ္ရွားေပးႏုိင္ပါတယ္။ ၁ စကၠန္႔မွာ အႀကိမ္ေပါင္း ၂၀၀ အထိ အသံဆူညံမႈကို ခ်ိန္ညွိေပးတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

AirPods Pro မွာ Transparency Mode ပါလာၿပီး နားၾကပ္တပ္ထားရင္ေတာင္ ဘူတာရံုက အသိေပးေၾကညာတာေတြ၊ ကားဟြန္းတီးတာေတြကို ၾကားႏုိင္ပါတယ္။ Music Playback ကို ထိန္းခ်ဳပ္တာနဲ႔ Transparency Mode ကို ဖြင့္တာ၊ ပိတ္တာေတြ ျပဳလုပ္ႏိုင္တဲ့ အာရံုခံ ဆန္ဆာ ၁ လံုးပါပါတယ္။ အရမ္းလန္းတဲ့ အသံအရည္အေသြးကို ခံစားရမယ္လို႔ ကုမၸဏီက ေျပာပါတယ္။ သင့္ နားရဲ႕ ပံုသ႑ာန္ေပၚမူတည္ၿပီး အသံကို အလိုလို ခ်ိန္ညွိေပးတဲ့ Adaptive EQ လုပ္ေဆာင္ခ်က္ ပါပါတယ္။

လက္ရွိေရာင္းထားတဲ့ AirPods ထက္ ပိုလန္းလာတာက နားမွာ အံ၀င္ခြင္က်ျဖစ္ေစမယ့္ Flexible Ear Tips ပါလာတာပါ။ Silicone Tips အရြယ္အစား ၃ ခုကို ထည့္သြင္းေပးထားပါတယ္။ နားထဲက အသံ ပမာဏကို တိုင္းတာျခင္းျဖင့္ သင္ ေရြးထားတဲ့ Tip ရဲ႕ အရြယ္အစားဟာ မွန္ရဲ႕လားဆိုတာ စစ္ေဆးေပးတဲ့ ေဆာ့ဖ္၀ဲလုပ္ေဆာင္ခ်က္ပါပါတယ္။

AirPods လိုပဲ Pro Model မွာ Wireless Charging နဲ႔ Hands-free “Hey Siri” Voice Commands ေတြ ေထာက္ပံ့ပါတယ္။ သီခ်င္း ဆက္တိုက္နားေထာင္ရင္ ၄ နာရီခြဲေလာက္ အသုံးခံပါတယ္။ Case ကေန အားသြင္းလိုက္ သီးခ်င္းနားေထာင္လိုက္ လုပ္မယ္ဆိုရင္ အားသြင္းခ်ိန္ အပါအဝင္ စုစုေပါင္း ၂၄ နာရီေလာက္ အသုံးခံတယ္လို႔ သိရပါတယ္။ ေခြၽးနဲ႔ ေရစိုခံတဲ့ စြမ္းရည္ ပါလာၿပီး အားကစား ျပဳလုပ္ရင္ ဝတ္ဆင္ႏိုင္ပါတယ္။

Ref : theverge

[Unicode]

Apple က Noise Cancellation ပါတဲ့ AirPods Pro ကို ကြေညာ

Apple က Noise Cancellaiton နည်းပညာပါတဲ့ AirPods Pro ကို ကြေညာလိုက်ပါတယ်။ အလန်းစား Earbuds ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့မှာ ၂၄၉ ဒေါ်လာနဲ့ ရောင်းမှာပါ။ မြန်မာငွေ ၃၈၀,၀၀၀ လောက်ရှိပြီး အဖြူရောင် ၁ မျိုးသာ ထုတ်လုပ်ထားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို အာရုံခံနိုင်တဲ့ မိုက်ကရိုဖုန်းတွေ ထည့်ထားပြီး ဆူညံသံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ၁ စက္ကန့်မှာ အကြိမ်ပေါင်း ၂၀၀ အထိ အသံဆူညံမှုကို ချိန်ညှိပေးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

AirPods Pro မှာ Transparency Mode ပါလာပြီး နားကြပ်တပ်ထားရင်တောင် ဘူတာရုံက အသိပေးကြေညာတာတွေ၊ ကားဟွန်းတီးတာတွေကို ကြားနိုင်ပါတယ်။ Music Playback ကို ထိန်းချုပ်တာနဲ့ Transparency Mode ကို ဖွင့်တာ၊ ပိတ်တာတွေ ပြုလုပ်နိုင်တဲ့ အာရုံခံ ဆန်ဆာ ၁ လုံးပါပါတယ်။ အရမ်းလန်းတဲ့ အသံအရည်အသွေးကို ခံစားရမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သင့် နားရဲ့ ပုံသဏ္ဍာန်ပေါ်မူတည်ပြီး အသံကို အလိုလို ချိန်ညှိပေးတဲ့ Adaptive EQ လုပ်ဆောင်ချက် ပါပါတယ်။

လက်ရှိရောင်းထားတဲ့ AirPods ထက် ပိုလန်းလာတာက နားမှာ အံဝင်ခွင်ကျဖြစ်စေမယ့် Flexible Ear Tips ပါလာတာပါ။ Silicone Tips အရွယ်အစား ၃ ခုကို ထည့်သွင်းပေးထားပါတယ်။ နားထဲက အသံ ပမာဏကို တိုင်းတာခြင်းဖြင့် သင် ရွေးထားတဲ့ Tip ရဲ့ အရွယ်အစားဟာ မှန်ရဲ့လားဆိုတာ စစ်ဆေးပေးတဲ့ ဆော့ဖ်ဝဲလုပ်ဆောင်ချက်ပါပါတယ်။

AirPods လိုပဲ Pro Model မှာ Wireless Charging နဲ့ Hands-free “Hey Siri” Voice Commands တွေ ထောက်ပံ့ပါတယ်။ သီချင်း ဆက်တိုက်နားထောင်ရင် ၄ နာရီခွဲလောက် အသုံးခံပါတယ်။ Case ကနေ အားသွင်းလိုက် သီးချင်းနားထောင်လိုက် လုပ်မယ်ဆိုရင် အားသွင်းချိန် အပါအဝင် စုစုပေါင်း ၂၄ နာရီလောက် အသုံးခံတယ်လို့ သိရပါတယ်။ ချွေးနဲ့ ရေစိုခံတဲ့ စွမ်းရည် ပါလာပြီး အားကစား ပြုလုပ်ရင် ဝတ်ဆင်နိုင်ပါတယ်။

Ref : theverge