Apple ဟာ လာမဲ့ မတ်လ ၈ ရက်၊ အင်္ဂါနေ့မှာ Event တစ်ခုကို ကျင်းပပြုလုပ်မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Event ကတော့ Pre-recorded ဖြစ်တယ်ဆိုပေမဲ့ ထုံးစံအတိုင်း Apple က လုပ်တာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်ကြမယ်လို့ ယုံကြည်ရပါတယ်။

Apple ဟာ သူ့ရဲ့ Event ကို Apple ဝက်ဘ်ဆိုက်နဲ့ YouTube တို့မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Event နာမည်ကိုလည်း “Peek Performance” လို့ နာမည်ပေးထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကုမ္ပဏီကြီးအနေနဲ့ ဒီ Event မှာ iPhone SE မော်ဒယ်သစ်ကို မိတ်ဆက်ပြသမယ်လို့ မျှော်လင့်ရပါတယ်။

iPhone SE မော်ဒယ်သစ်ဟာ လက်ရှိမော်ဒယ်နဲ့ ဒီဇိုင်းတူပေမဲ့ ပိုပြီးမြန်ဆန်တဲ့ ပရိုဆက်ဆာ၊ ပိုပြီးကောင်းမွန်တဲ့ ကင်မရာပိုင်းအပြင် 5G ကွန်ရက်ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ ကောလာဟလထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Event မှာ အဆင့်မြှင့်တင်ထားတဲ့ iPad Air ကိုလည်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

iPad Air လက်ရှိမျိုးဆက်မော်ဒယ်ကို လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်သစ်မှာ ပိုမြန်တဲ့ ပရိုဆက်ဆာနဲ့ 5G ချိတ်ဆက်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ iOS 15.4 နဲ့အတူ ဈေးကွက်ထဲရောက်လာမယ်လို့ ကောလာဟလထွက်နေပြီး ဒါဟာ Face mask တပ်ထားရင်တောင်မှာ Device ကို Unlocking ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

အချို့ကောလာဟလတွေကတော့ Apple Silicon နဲ့ မွမ်းမံထားတဲ့ Mac မော်ဒယ်သစ်တွေကို ကြေညာမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အတည်ပြုဖို့အတွက် လုံလောက်တဲ့အချက်အလက်မရှိတာကြောင့် ဘေးဖယ်ထားရမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ ဒီနှစ် နှောင်းပိုင်းမှာမှ သင့်လျော်တဲ့မိတ်ဆက်ပွဲနဲ့အတူ မကြေညာထားတဲ့ Apple Silicon Mac Pro ပွဲထုတ်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena